နာမည်ကြီး YouTuber ဖြစ်တဲ့ Mr Beast ရဲ့ YouTube Subscriber အရေအတွက်ဟာ အမေရိကန် လူဦးရေထက် ပိုများသွားပါတယ်။
သူဟာ အဆင့်အတန်းမြင့်တဲ့ YouTube ဗီဒီယိုတွေကို ဖန်တီးနေတဲ့အတွက် လူသိများပါတယ်။ အခုဆိုရင် သူ့ရဲ့ Subscriber အရေအတွက်ဟာ ၃၄၁ သန်းကျော်သွားပြီ ဖြစ်ပြီး အမေရိကန် လူဦးရေ ၃၃၄.၉ သန်းထက် ပိုများသွားပါတယ်။
သူဟာ အခုမှ အသက် ၂၆ နှစ်ပဲ ရှိသေးတဲ့ အင်တာနက် ဆယ်လီ တစ်ယောက် ဖြစ်ပါတယ်။ သူဟာ မကြာခင်က Beast Games ပြိုင်ပွဲအတွက် ဒေါ်လာ ၁၄ သန်းတန် မြို့တစ်မြို့ကို တည်ဆောက်လိုက်ပါတယ်။ MrBeast ဟာ ပြီးခဲ့တဲ့ လအနည်းငယ်အတွင်း အဲဒီဂိမ်းပြိုင်ပွဲအတွက် ကြိုးစားနေခဲ့တာ ဖြစ်ပြီး အဲဒီပြိုင်ပွဲအတွက် ဒေါ်လာ သန်း ၁၀၀ ကျော် သုံးစွဲမယ်လို့ ပြောထားပါတယ်။
Beast Games ကို ဒီဇင်ဘာလ ၁၉ ရက်နေ့မှာ Amazon Prime Video မှာ ပြသနေပြီ ဖြစ်ပါတယ်။ Amazon က အဲဒီပြိုင်ပွဲကို ကမ္ဘာ့ အကြီးမားဆုံး Live Game Show လို့ ကြေညာထားပြီး ကမ္ဘာ့ သမိုင်းမှာ အများဆုံး ဆုကြေးဖြစ်တဲ့ ဒေါ်လာ ၅ သန်းပေးမှာ ဖြစ်ပါတယ်။ MrBeast ဟာ X မှာ အဲဒီပြိုင်ပွဲအတွက် ပရိုမိုးရှင်းပြုလုပ်နေပြီး ပြိုင်ပွဲနဲ့ ပတ်သက်တဲ့ မေးခွန်းတွေကို ဖြေဆိုပေးနေပါတယ်။
Ref : msn