Microsoft ဟာ လက်ရှိအချိန်မှာ Android Device တွေကို Windows ကွန်ပျူတာတွေနဲ့ ချိတ်ဆက်အသုံးပြုနိုင်ဖို့အတွက် Your Phone Application ကို ထုတ်ပေးထားပြီးဖြစ်ပါတယ်။ အဆိုပါ Your Phone App ဟာ တခြားသော Android Device တွေထက် Samsung Flagship ဖုန်းတွေမှာ ပိုပြီး Exclusive Feature တွေကို အသုံးပြုနိုင်တာလည်းဖြစ်ပါတယ်။

Samsung စမတ်ဖုန်းတွေကို Your Phone နဲ့ ချိတ်ဆက်အသုံးပြုမယ်ဆိုရင် Wireless File Transfer ၊ Clipboard History တွေအပြင် Android App တွေကိုပါ Windows ကွန်ပျူတာပေါ်မှာ အသုံးပြုနိုင်ခဲ့တာဖြစ်ပါတယ်။ အစောပိုင်းတုန်းက တစ်ကြိမ်ကို Android App တစ်ခုပဲ အသုံးပြုနိုင်ခဲ့ပေမယ့် အခုအချိန်မှာတော့ Android App တွေအများအပြားကို တပြိုင်တည်းအသုံးပြုနိုင်အောင် Update ပြုလုပ်ပေးလိုက်ပြီလို့ သိရပါတယ်။

ဒီလိုမျိုး Android App အများအပြားကို Windows ကွန်ပျူတာပေါ်မှာ အသုံးပြုနိုင်ဖို့အတွက်ကတော့ Samsung Galaxy Note 20 Series ၊ S20 Series အပြင် Galaxy Z Fold 2 5G ၊ Galaxy Z Flip ၊ Z Flip 5G စတဲ့စမတ်ဖုန်းတွေရှိဖို့ လိုအပ်မှာဖြစ်ပါတယ်။ ဒါတင်မဟုတ်သေးဘဲ Windows 10 OS ကိုလည်း Developer ၊ Beta သို့မဟုတ် Release Preview Channel ကို အသုံးပြုနေတဲ့သူတွေပဲ လောလောဆယ်ရရှိနေဦးမှာဖြစ်ပါတယ်။

ဘာပဲဖြစ်ဖြစ် Microsoft အနေနဲ့ အခုလိုမျိုး Android App တွေကို Windows ကွန်ပျူတာပေါ်မှာ အလွယ်တကူအသုံးပြုနိုင်အောင် ဆောင်ရွက်ပေးတာက သတင်းကောင်းတစ်ခုပေမယ့် တခြားသော Android စမတ်ဖုန်းတွေအများအပြားမှာ အသုံးပြုနိုင်ခြင်းမရှိသေးတာကတော့ စိတ်မကောင်းစရာပါ။ တခြားသော Android စမတ်ဖုန်းအနေနဲ့ကတော့ Your Phone App ကို အသုံးပြုပြီး Call Log ၊ Message ၊ Notification နဲ့ Recent Photos တွေကိုပဲ ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။

Ref – Gizmo China