တာရှည်ခံသော ဘက္ထရီသက်တမ်းသည် Smartphone များအတွက် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်လာသလို ယခုနှစ်ပိုင်းတွင် Smartphone အများစုသည် အရွယ်အစားနှင့် အလေးချိန် ပိုမိုကြီးမားလာပြီး ဘက္ထရီများ၏ စွမ်းဆောင်ရည်သည်လည်း မြင့်မားလာသည်ကို မြင်တွေ့နိုင်ပါသည်။
4000mAH သည်ပုံမှန်စွမ်းဆောင်ရည် ဖြစ်လာပြီး 5000mAh သည် အနည်းငယ်စွမ်းဆောင်ရည်မြင့် ဖုန်းဖြစ်လာပါသည်။ သို့သော် 6000mAh သည်သာ တာရှည်ခံ ဘက္ထရီလို့ ခေါ်ထိုက်ပါသည်။ Real Energy King!
မြန်မာ့ Energy King
ယခုလတွင် TECNO Mobile သည် ပြည်တွင်း ဈေးကွက်အတွင်းသို့ ပထမဉီးဆုံး ultra- long battery life 6000mAh ဘက္ထရီပါဝင်သည့် Pouvoir 4 Pro ကို ယူဆောင်လာတော့မှာ ဖြစ်ပါသည်။ Pouvoir 4 Pro တွင် စွမ်းဆောင်ရည်မြင့် 6000mAh ဘက္ထရီ ပါဝင်လာမှာ ဖြစ်ပြီး တစ်ခါ အားသွင်းရုံဖြင့် လေးရက်ကြာ အသုံးပြုနိုင်မှာ ဖြစ်ပါသည်။ တစ်ခါအားသွင်း ရုံဖြင့်လည်း မိနစ်ပေါင်း ၇၉၂ မိနစ်ခန့် ရုပ်ရှင်ကြည့်နိုင်သလို ၆၃၈မိနစ်ကြာ ဂိမ်းကစားနိုင်မှာလည်း ဖြစ်ပါသည်။ ထိုနည်းတူစွာ တစ်ခါအားသွင်းရုံဖြင့် HD vlog များကိုလည်း ၅၂၆မိနစ်ကြာ ရိုက်ကူးနိုင်မှာ ဖြစ်ပါသည်။
သူငယ်ချင်းများနှင့် Music Concert သွားတဲ့အခါ Selfie တွေရိုက်ခြင်း၊ Instagram ပေါ်တင်ခြင်း၊ Video တွေရိုက်ခြင်း စသည်ဖြင့် တစ်ချိန်လုံး ဖုန်းကို တောက်လျှောက် သုံးဖြစ်တဲ့ အချိန်တွေရှိပါလိမ့်မည်။
သူငယ်ချင်းများကို နှုတ်ဆက်ပြီး အိမ်ပြန်ချိန်ရောက်၍ ဖုန်းကို ကြည့်လိုက်တဲ့အခါ “ Battery ၁၀%သာ ကျန်ပါသည်” ဆိုသည့် Notification ကြောင့် အငှားကားအမြန်ခေါ်လိုက်သော်လည်း ဖုန်းပိတ်သွားလို့ ဒုက္ခရောက်တဲ့ အချိန်မျိုးမှာ တာရှည်အသုံးခံ ဘက္ထရီပါဝင်သည့် “ Energy King “ က ကူညီပေးပါလိမ့်မည်။
မြန်မာနိုင်ငံသို့ Energy King ရောက်ရှိမည့်အချိန်
ကျောဘက်တွင် 16MP AI Quad camera နှင့် 5MP+2MP+AI lens ဝင်မှာ ဖြစ်ပြီး , အရှေ့ဘက်တွင် flash မီးနှစ်လုံး အထောက်အပံ့ပေးထားသော 16MP camera ပါဝင်မှာ ျဖစ္သည်။ 7-inch HD+ Drop Display ကြောင့် Pouvoir 4 Pro သည် Entertainment အတွက် ဖြစ်စေ၊ ဂိမ်းဆော့ရန်အတွက် ဖြစ်စေ အသင့်တော်ဆုံး ဖုန်းတစ်လုံးဖြစ်လာနိုင်ဖွယ် ရှိပါသည်။ Android Q ပေါ်တွင် TECNO ၏ HI OS 6.0 အသုံးပြုထားသည့် Pouvoir 4 Proသည် မြန်မာနိုင်ငံ၏ ဈေးကွက်အတွင်းသို့ မကြာမီ ရောက်ရှိလာပါတော့မည်။