[Zawgyi]
မတ္လ၊ ၅ရက္၊ ၂၀၁၉ခုႏွစ္၊ ရန္ကုန္၊ ျမန္မာ။ ။ေဖေဖာ္ဝါရီလ ၂၇ရက္ ၂၀၁၉ခုႏွစ္တြင္ ဆက္သြယ္ေရးႏွင့္ သတင္းအခ်က္အလက္၊ နည္းပညာဝန္ႀကီးဌာန (MCIT) – (ယခင္ ျပည္ေထာင္စုသမၼတျမန္မာႏိုင္ငံေတာ္ ဆက္သြယ္ေရး စာတိုက္ႏွင့္ ေၾကးနန္းဝန္ႀကီးဌာန) မွ အၿမဲတမ္းအတြင္းဝန္ ဦးစိုးသိန္း ဦးေဆာင္ေသာ အဖြဲ႕သည္ MWC 2019 တြင္ Mytel ျပခန္းသို႔ သြားေရာက္ေလ့လာခဲ့သည္။
Viettel မွ Smart Solution အေၾကာင္း အၿမဲတမ္းအတြင္းဝန္ ဦးစိုးသိန္း (ယာဘက္မွ သုံးေယာက္ေျမာက္) အားရွင္းျပေနစဥ္
ျပပြဲတြင္ Mytel မွ တင္ျပခဲ့ေသာ smart solution ဝန္ေဆာင္မႈ ၈ မ်ဳိးကို အၿမဲတမ္းအတြင္းဝန္ ဦးစိုးသိန္း အားရွင္းလင္းေျပာျပခဲ့ရာတြင္ ၎မွ “ျမန္မာႏိုင္ငံမွာ ကြန္ရက္လံုၿခံဳေရးစနစ္က အေရးႀကီးတဲ့ အခန္းက႑တစ္ခု ျဖစ္ၿပီးေတာ့ ဒီစနစ္ကို ဗီယက္နမ္မွာတင္မကပဲ Mytel မွာလည္း အသံုးျပဳေနတာကို ျမင္ေတြ႕ရပါတယ္။ သေဘာအက်ဆံုး တစ္ခ်က္ကေတာ့ နည္းပညာဆိုင္ရာ စက္ပစၥည္းေတြကို ဗီယက္နမ္ႏိုင္ငံကဗီယက္နမ္ လူမ်ဳိးေတြကိုယ္တိုင္ ထုတ္လုပ္ဖန္တီးထားတဲ့ အခ်က္ပါပဲ။ ဆက္သြယ္ေရးနဲ႔ သတင္းအခ်က္အလက္ ဝန္ႀကီးဌာနအေနနဲ႔လည္း Mytel လို ေနာက္ဆံုးေပၚနည္းပညာေတြ ယူေဆာင္လာေပးတဲ့ ကုမၸဏီကို ဆက္လက္ေထာက္ပံ့ကူညီေပးသြားဖို႔လည္း ရွိပါတယ္။”
၎မွ ဆက္လက္ၿပီး ဝန္ႀကီးဌာနအေနျဖင့္ ျမန္မာႏိုင္ငံဆက္သြယ္ေရးေစ်းကြက္အတြင္းသို႔ 5G နည္းပညာကို ယူေဆာင္လာေပးႏိုင္ရန္ အေကာင္းဆံုးျပင္ဆင္လ်က္ရွိေၾကာင္းကိုလည္း ေျပာၾကားခဲ့သည္။ လက္ရွိတြင္ ေဒသပတ္ဝန္းက်င္ကိုု ပိုမိုေကာင္းမြန္လာေစရန္ လုပ္ေဆာင္လ်က္ရွိၿပီး 5G နည္းပညာ ဝင္ေရာက္လာေရးအတြက္ အေျခခံဥပေဒကိုလည္း ျပဳလုပ္ေဆာင္ရြက္ေနေၾကာင္း ထပ္မံေျပာၾကားခဲ့သည္။ ဆက္လက္ၿပီး “ေနာင္ႏွစ္အနည္းငယ္မွာ ျမန္မာႏိုင္ငံ ဆက္သြယ္ေရးေစ်းကြက္ထဲကို 5G ကြန္ရက္ဝင္ေရာက္ေတာ့မွာျဖစ္ၿပီးေတာ့ ဆက္သြယ္ေရးနည္းပညာ ယွဥ္ၿပိဳင္မႈမွာလည္း Mytel က ဦးေဆာင္ႏိုင္မယ္လို႔ ထင္ပါတယ္။”
Mytel သည္ျမန္မာႏိုင္ငံတြင္ သံုးစြဲသူအေရအတြက္ ျမင့္တက္ေသာႏႈန္းအျမန္ဆန္ဆံုး ဆက္သြယ္ေရး ေအာ္ပေရတာလည္းျဖစ္သည္။ Mytel မွ သံုးစြဲသူ တစ္သန္းျဖင့္ စတင္ခဲ့ၿပီး လက္ရွိတြင္ သံုးစြဲသူ ၅ သန္းေက်ာ္အား လုပ္ငန္းလည္ပတ္စဥ္ ၁ ႏွစ္ မျပည့္ခင္အခ်ိန္အတြင္း ရရွိခဲ့သည္။ Mytel သည္ စတင္မိတ္ဆက္စဥ္ကတည္းက 4G ကြန္ရက္အား တစ္နိုင္ငံလံုးအတိုင္းအတာ ဝန္ေဆာင္မႈေပးႏိုင္သည့္ တစ္ဦးတည္းေသာ ဆက္သြယ္ေရးေအာ္ပေရတာလည္းျဖစ္သည္။
[Unicode]
Mytel မှ MWC ပြပွဲတွင် တင်ပြခဲ့သော ဝန်ဆောင်မှုနည်းပညာများအား ဆက်သွယ်ရေးနှင့် သတင်းအချက်အလက်၊ နည်းပညာဝန်ကြီးဌာန မှ အသိအမှတ်ပြု
မတ်လ၊ ၅ရက်၊ ၂၀၁၉ခုနှစ်၊ ရန်ကုန်၊ မြန်မာ။ ။ဖေဖော်ဝါရီလ ၂၇ရက် ၂၀၁၉ခုနှစ်တွင် ဆက်သွယ်ရေးနှင့် သတင်းအချက်အလက်၊ နည်းပညာဝန်ကြီးဌာန (MCIT) – (ယခင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဆက်သွယ်ရေး စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာန) မှ အမြဲတမ်းအတွင်းဝန် ဦးစိုးသိန်း ဦးဆောင်သော အဖွဲ့သည် MWC 2019 တွင် Mytel ပြခန်းသို့ သွားရောက်လေ့လာခဲ့သည်။
Viettel မွ Smart Solution အေၾကာင္း အၿမဲတမ္းအတြင္းဝန္ ဦးစိုးသိန္း (ယာဘက္မွ သုံးေယာက္ေျမာက္) အားရွင္းျပေနစဥ္
ပြပွဲတွင် Mytel မှ တင်ပြခဲ့သော smart solution ဝန်ဆောင်မှု ၈ မျိုးကို အမြဲတမ်းအတွင်းဝန် ဦးစိုးသိန်း အားရှင်းလင်းပြောပြခဲ့ရာတွင် ၎င်းမှ “မြန်မာနိုင်ငံမှာ ကွန်ရက်လုံခြုံရေးစနစ်က အရေးကြီးတဲ့ အခန်းကဏ္ဍတစ်ခု ဖြစ်ပြီးတော့ ဒီစနစ်ကို ဗီယက်နမ်မှာတင်မကပဲ Mytel မှာလည်း အသုံးပြုနေတာကို မြင်တွေ့ရပါတယ်။ သဘောအကျဆုံး တစ်ချက်ကတော့ နည်းပညာဆိုင်ရာ စက်ပစ္စည်းတွေကို ဗီယက်နမ်နိုင်ငံကဗီယက်နမ် လူမျိုးတွေကိုယ်တိုင် ထုတ်လုပ်ဖန်တီးထားတဲ့ အချက်ပါပဲ။ ဆက်သွယ်ရေးနဲ့ သတင်းအချက်အလက် ဝန်ကြီးဌာနအနေနဲ့လည်း Mytel လို နောက်ဆုံးပေါ်နည်းပညာတွေ ယူဆောင်လာပေးတဲ့ ကုမ္ပဏီကို ဆက်လက်ထောက်ပံ့ကူညီပေးသွားဖို့လည်း ရှိပါတယ်။”
၎င်းမှ ဆက်လက်ပြီး ဝန်ကြီးဌာနအနေဖြင့် မြန်မာနိုင်ငံဆက်သွယ်ရေးဈေးကွက်အတွင်းသို့ 5G နည်းပညာကို ယူဆောင်လာပေးနိုင်ရန် အကောင်းဆုံးပြင်ဆင်လျက်ရှိကြောင်းကိုလည်း ပြောကြားခဲ့သည်။ လက်ရှိတွင် ဒေသပတ်ဝန်းကျင်ကို ပိုမိုကောင်းမွန်လာစေရန် လုပ်ဆောင်လျက်ရှိပြီး 5G နည်းပညာ ဝင်ရောက်လာရေးအတွက် အခြေခံဥပဒေကိုလည်း ပြုလုပ်ဆောင်ရွက်နေကြောင်း ထပ်မံပြောကြားခဲ့သည်။ ဆက်လက်ပြီး “နောင်နှစ်အနည်းငယ်မှာ မြန်မာနိုင်ငံ ဆက်သွယ်ရေးဈေးကွက်ထဲကို 5G ကွန်ရက်ဝင်ရောက်တော့မှာဖြစ်ပြီးတော့ ဆက်သွယ်ရေးနည်းပညာ ယှဉ်ပြိုင်မှုမှာလည်း Mytel က ဦးဆောင်နိုင်မယ်လို့ ထင်ပါတယ်။”
Mytel သည်မြန်မာနိုင်ငံတွင် သုံးစွဲသူအရေအတွက် မြင့်တက်သောနှုန်းအမြန်ဆန်ဆုံး ဆက်သွယ်ရေး အော်ပရေတာလည်းဖြစ်သည်။ Mytel မှ သုံးစွဲသူ တစ်သန်းဖြင့် စတင်ခဲ့ပြီး လက်ရှိတွင် သုံးစွဲသူ ၅ သန်းကျော်အား လုပ်ငန်းလည်ပတ်စဉ် ၁ နှစ် မပြည့်ခင်အချိန်အတွင်း ရရှိခဲ့သည်။ Mytel သည် စတင်မိတ်ဆက်စဉ်ကတည်းက 4G ကွန်ရက်အား တစ်နိုင်ငံလုံးအတိုင်းအတာ ဝန်ဆောင်မှုပေးနိုင်သည့် တစ်ဦးတည်းသော ဆက်သွယ်ရေးအော်ပရေတာလည်းဖြစ်သည်။