Netflix ဟာ Android App မှာ Playback Speed Controls ထည့်သွင်းပေးလိုက်ပြီ ဖြစ်ပါတယ်။ Update ရတာနဲ့ 0.5x , 0.75x, 1.25x နဲ့ 1.5x တွေကို ရွေးချယ်နိုင်မှာ ဖြစ်ပါတယ်။ အရင်ကတော့ 1x Option ၁ ခုပဲ ထည့်သွင်းပေးထားတာပါ။

Netflix မှာ အမြန်နှုန်း မြှင့်ကြည့်ချင်သူတွေအတွက် ဝမ်းသာစရာ သတင်း ဖြစ်ပြီး ရုပ်ရှင် ၊ တီဗီရှိုးတိုင်းမှာ သင်နှစ်သက်တဲ့ အမြန်နှုန်းနဲ့ ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။ အဲဒီ လုပ်ဆောင်ချက်ကို အရင်နှစ်က ပထမဆုံး အနေနဲ့ ကြေညာခဲ့တာ ဖြစ်ပြီး Netflix ဟာ သုံးစွဲသူတွေ အဆင်ပြေစေဖို့ လုပ်ဆောင်နေရတဲ့အတွက် အခုလို အချိန်ကြာမြင့်နေတာ ဖြစ်ပါတယ်။ အမြန်နှုန်း တိုးကြည့်တဲ့အခါမှာ အသံနဲ့ အရုပ် ထပ်တူကျစေဖို့ စတာတွေကို အချိန်ပေး ဖန်တီးခဲ့ရတာပါ။

အဲဒီ လုပ်ဆောင်ချက်ကို Users တွေ တောင်းဆိုနေတာ နှစ်တွေတော်တော်ကြာနေပြီ ဖြစ်တယ်လို့ Netflix ရဲ့ Product Innovation ဌာနက ဒုတိယ ဥက္ကဌ Keela Robison က ပြောပါတယ်။ US National Association of the Deaf နဲ့ National Federation of the Blind အဖွဲ့အစည်း ၂ ခုကလည်း Netflix ကို တောင်းဆိုထားခဲ့ကြပါတယ်။

အဲဒီ လုပ်ဆောင်ချက်ကို iOS နဲ့ Web အတွက် မကြာခင်မှာ ထည့်သွင်းပေးမှာ ဖြစ်ပေမယ့် Netflix TV App မှာ ပါလာဖို့ အစီအစဉ် မရှိသေးပါဘူး။

Ref : gsmarena