ဂျာမနီ စက်ရုပ် ကုမ္ပဏီ Neura Robotics က တတိယမျိုးဆက် 4NE-1 လူတူစက်ရုပ်ကို ဇွန်လမှာ ရောင်းချမှာ ဖြစ်ပြီး ဈေးကွက်ထဲက ကမ္ဘာ့ အကောင်းဆုံး စက်ရုပ်လို့ ကြွေးကြော်ထားပါတယ်။

Neura Robotics bets on 4NE-1 humanoid robot to compete with China

စက်ရုပ်ရဲ့ အရပ်အမြင့်ဟာ ၅.၉ ပေ (၁.၈ မီတာ) ရှိပြီး အလေးချိန်က ၁၇၆ ပေါင် (၈၀ ကီလိုဂရမ်) ရှိပါတယ်။ စက်ရုပ်ဟာ ၃၃ ပေါင် (၁၅ ကီလိုဂရမ်) အလေးချိန် ရှိတဲ့ ပစ္စည်းတွေကို သယ်ဆောင်နိုင်ပါတယ်။

Best In World' Humanoid Robot To Launch In Europe This June

လူသားတွေရဲ့ နေ့စဉ်လူနေမှုဘဝကို ကူညီဖို့နဲ့ စက်ရုံတွေမှာ အလုပ်လုပ်ဖို့ ဒီဇိုင်းထုတ်ထားပြီး Neura ရဲ့ Neuraverse ပလက်ဖောင်းနဲ့ တည်ဆောက်ထားပါတယ်။ တစ်နာရီကို ၁.၈ မိုင် (တစ်နာရီကို ၃ ကီလိုမီတာ) အမြန်နှုန်းနဲ့ လမ်းလျှောက်နိုင်ပါတယ်။ မတူညီတဲ့ အလုပ်တွေအတွက် လက်ကို ပြောင်းလဲ တပ်ဆင်နိုင်တာက ထူးခြားပါတယ်။

ဉာဏ်ရည်တု နည်းပညာ ထည့်သွင်းထားပြီး စက်ရုပ်ဟာ အချိန်ကြာလာတာနဲ့အမျှ သင်ယူလေ့လာမှုတွေကနေ ဉာဏ်ရည်မြင့်မားလာပါတယ်။ Neura Robotics က စက်ရုပ်ကို ထပ်ခါတလဲလဲ လုပ်ရတဲ့ အလုပ်တွေကို ပြုလုပ်ခိုင်းဖို့ ရည်ရွယ်ထားပါတယ်။

Ref : Technology Innovation