လူ့ခန္တာကိုယ်ဟာ ကျန်းမာရေး အတွက် တန်ဖိုးရှိတဲ့ သတင်းအချက်အလက်တွေ ပါတဲ့ အသံများစွာကို ထုတ်လွှင့်ပါတယ်။ အဲဒီ အသံတွေဟာ TB လို ရောဂါတွေကို စစ်ဆေးပေးနိုင်တယ်ဆိုတာ ပညာရှင်တွေက သိရှိခဲ့ပါတယ်။

How to Deal With That Nagging Cough

Google ရဲ့ သုတေသန ပညာရှင်တွေက အဲဒီ အသံတွေကို ကျန်းမာရေး Indicator အဖြစ် အသုံးချနိုင်တာကို နားလည်ခဲ့ပါတယ်။ စမတ်ဖုန်းတွေကို တွင်တွင်ကျယ်ကျယ် အသုံးပြုလာကြပြီး စမတ်ဖုန်းရဲ့ မိုက်ကရိုဖုန်းကနေ အဲဒီ အသံတွေကို ဖမ်းယူနိုင်ပါတယ်။ အဲဒီအတွက် ပညာရှင်တွေက AI ကို အသုံးပြုကာ လူ့ခန္တာကိုယ်က ထုတ်လွှင့်တဲ့ အသံတွေကနေ ရောဂါတွေကို စစ်ဆေးဖို့ အိုင်ဒီယာရလာကြပါတယ်။

When a Cough Becomes a Concern: American River Urgent Care: Urgent Care

ဒီနှစ် အစောပိုင်းမှာ ပညာရှင်တွေက Health Acoustic Representations (HeAR) လို့ အမည်ပေးထားတဲ့ ထူးခြားဆန်းသစ်တဲ့ AI မော်ဒယ်ကို ပြသခဲ့ပြီး TB လို ရောဂါတွေကို စစ်ဆေးဖို့ ဒီဇိုင်းထုတ်ထားတာ ဖြစ်ပါတယ်။ ဒီ ထူးခြားဆန်းသစ်တဲ့ နည်းပညာဟာ ချောင်းဆိုးသံကို အသုံးပြုကာ ရောဂါတွေကို စစ်ဆေးခြင်းဖြင့် ကျန်းမာရေး စောင့်ရှောက်မှု နယ်ပယ်ကို တော်လှန်ဆန်းသစ်စေပါတယ်။

ပညာရှင်တွေက AI ကို ချောင်းဆိုးသံပေါင်း သန်း ၁၀၀ နဲ့ လေ့ကျင့်သင်ကြားပေးခဲ့ပါတယ်။ အခုဆိုရင် AI ဟာ အလွန်အစွမ်းထက်လာပြီ ဖြစ်ပြီး ချောင်းဆိုးသံကို စစ်ဆေးကာ TB လို ရောဂါတွေကို ဖော်ထုတ်ပေးလာနိုင်ပါပြီ။

Ref : Inceptivemind