Apple က iPhone, iPad နဲ့ Mac Device တွေကို ဟက်ကာတွေက ထိန်းချုပ်နိုင်တဲ့ လုံခြုံရေးဟာကွက် ၁ ခုအကြောင်း သတိပေးလိုက်ပါတယ်။ ကုမ္ပဏီက အဲဒီ လုံခြုံရေး ဟာကွက်ကို ပြင်ဆင်ထားတဲ့ Software Update ကို အမြန်ဆုံး အင်စတောလုပ်ဖို့ User တွေကို တိုက်တွန်းထားပါတယ်။

Apple releases rare Device Support Update for macOS | Macworld

အခု လုံခြုံရေး ဟာကွက် ၁ ခုကြောင့် ဟက်ကာတွေက iPhone, iPad နဲ့ Mac တွေမှာ Software တွေကို အင်စတောလုပ်နိုင်ကြပါတယ်။ နောက်ထပ် လုံခြုံရေးဟာကွက် ၁ ခုက iOS မှာ Safari နဲ့ တခြား Third-party Browser တွေကို ပံ့ပိုးပေးတဲ့ WebKit Engine မှာ ဖြစ်နေတာပါ။ Apple ဟာ အရင်ကလည်း လုံခြုံရေးဟာကွက်တွေကို ပြင်ဆင်ပေးခဲ့ရပြီး အန္တရာယ်ကြီးတဲ့ Zero-day Flaw အတွက် Security Patch ကို ဖြန့်ချိပေးခဲ့ရပါတယ်။

Here are the devices eligible for iOS 15, iPadOS 15, macOS Monterey, and watchOS 8 update - Neowin

Apple ဟာ Operating System Update ၃ ခုကို ဖြန့်ချိပေးလိုက်ပြီး အဲဒါတွေက macOS 12.5.1 , iOS 15.6.1 နဲ့ iPadOS 15.6.1 တို့ ဖြစ်ပါတယ်။ အဲဒီ Update တွေကို Download လုပ်နိုင်ပြီ ဖြစ်ပြီး User တွေဟာ တတ်နိုင်သလောက် မြန်မြန် အင်စတောလုပ်သင့်ပါတယ်။

Apple က iPhone 6S နဲ့ နောက်ပိုင်း၊ 5th Gen iPad၊ iPad Air 2 ၊ iPad mini 4  နဲ့ နောက်ပိုင်း၊ iPad Pro မော်ဒယ်အားလုံးနဲ့ 7th Gen iPod Touch တွေမှာ အဲဒီ လုံခြုံရေး ဟာကွက် ရှိနေတယ်လို့ ပြောပါတယ်။ ဒါ့အပြင် macOS Monterey ထည့်ထားတဲ့ MacBook တွေမှာလည်း အဲဒီ ပြဿနာ ရှိပါတယ်။ သင့်မှာ အဲဒီ Device တွေ ရှိနေရင် နောက်ဆုံးထုတ် Update ကို အမြန် တင်သင့်ပါတယ်။

Ref : gizchina