Google Drive ဟာ လက်ရှိအချိန်မှာ လူသုံးအများဆုံး Cloud Storage Software ဖြစ်နေပြီးတော့ လူတော်တော်များများမသိရှိကြတာက ကိုယ့် ကွန်ပျုတာမှာ Google Drive for Desktop Software ကို သွင်းထားပြီး ဖုန်းတွေမှာလိုမျိုးပဲ Auto Backup ပြုလုပ်ထားနိုင်တာဖြစ်ပါတယ်။ အခုအချိန်မှာတော့ Google ကနေ ကွန်ပျုတာအတွက် Google Drive Software ကို နောက်ထပ် Feature အသစ်တွေထပ်မံထည့်သွင်းပေးခဲ့ပါတယ်။

အဲ့ဒီအတွက် ယခု Google Drive Software က ယခင်တုန်းက “Backup and Sync” ဆိုတဲ့နာမည်အစား “Google Drive for Desktop” ဆိုပြီး နာမည်ပြောင်းလဲသွားမှာဖြစ်သလို User Interface ပိုင်းမှာလည်း ပြောင်းလဲထားတယ်လို့ သိရပါတယ်။

အဓိကအနေနဲ့ကတော့ ယခု Update နဲ့အတူ Google Photos ဆီကို အလိုအလျောက် Upload ပြုလုပ်နိုင်တာဖြစ်ပြီး ယခင်တုန်းကလိုမျိုး Google Photos Website ထဲဝင်ပြီး တစ်ဆင့်ချင်း Upload ပြုလုပ်နေစရာမလိုအပ်တော့ဘူးဖြစ်ပါတယ်။ ဒါက ကိုယ့် ကွန်ပျူတာထဲက ဓါတ်ပုံတွေကို Google Photos မှာ အမြဲတမ်းသိမ်းထားချင်တဲ့သူတွေအတွက် ပိုပြီးအဆင်ပြေစေမှာဖြစ်ပါတယ်။ Google Photos တင်မဟုတ်ဘဲ Apple Photos Library Upload နဲ့ USB Storage Support တွေပါ အသုံးပြုနိုင်မယ်လို့လည်း သိရပါတယ်။

နောက်ထပ် Feature အသစ်ကတော့ Google Drive for Desktop Software ဟာ User Account တွေကို အများအပြားထည့်သွင်းအသုံးပြုနိုင်ပြီပဲဖြစ်ပါတယ်။ ဘယ် Google Account တွေထည့်သွင်းထားပြီး Storage ဘယ်လောက်အထိ အသုံးပြုထားသလဲဆိုတာကိုလည်း အလွယ်တကူကြည့်ရှုနိုင်တဲ့အတွက် Google Account တွေအများအပြားအသုံးပြုနေတဲ့သူတွေအတွက်လည်း အကြိုက်တွေ့စေမှာဖြစ်ပါတယ်။

နောက်ထပ်လည်း Google Drive မှာ သိမ်းဆည်းထားတဲ့ Files တွေကို တခြား Device တွေကနေ Download ပြုလုပ်စရာမလိုအပ်ဘဲ အသုံးပြုနိုင်မယ့် “Stream Files” Feature ၊ တခြား Secondary ကွန်ပျုတာကို ကိုယ့် Files တွေ Backup ပြုလုပ်ထားနိုင်တဲ့ “Mirror Files” Feature တွေလည်းပါဝင်မှာဖြစ်ပါတယ်။

ဘာပဲဖြစ်ဖြစ် တကယ်လို့ Google Drive ကို ကိုယ့်ရဲ့ Data တွေ Backup ပြုလုပ်ဖို့အတွက် အသုံးပြုနေတယ်ဆိုရင် ယခု “Google Drive for Desktop” Software က ကျိန်းသေအသုံးပြုသင့်တယ်လို့ ပြောရမှာပါ။

Ref – 9to5Google