Samsung Galaxy S23 Series ဟာ ဒီနှစ်ထဲထွက်မယ့် စွမ်းရည်မြင့် စမတ်ဖုန်းတွေ ဖြစ်ပါတယ်။ အခုတော့ တွစ်တာ Leaker RGCloudS က အဲဒီဖုန်းတွေရဲ့ ဈေးနှုန်းတွေကို မျှဝေလိုက်ပြီး အရင်မျိုးဆက်ထက် ဈေးသက်သာလာတာတွေ့ရပါတယ်။

Samsung Galaxy S23 Ultra

အခြေခံ Galaxy S23 8GB RAM/128GB Storage ဟာ ၇၉၉ ဒေါ်လာကစပါတယ်။ 8GB RAM / 256GB Storage ကို ၈၄၉ ဒေါ်လာနဲ့ ရောင်းမှာ ဖြစ်ပြီး Galaxy S22 ထက် ဒေါ်လာ ၅၀ သက်သာပါတယ်။ ဒါပေမယ့် Galaxy S23 မှာ WiFi 7 ထောက်ပံ့မှာ မဟုတ်ဘဲ Galaxy S23+ နဲ့ Galaxy S23 Ultra တို့မှာပဲ ပါလာမှာပါ။ မော်ဒယ် ၃ ခုစလုံးမှာ WiFi 6 နဲ့ UWB(Ultra-wideband) နည်းပညာ ထောက်ပံ့ထားမှာပါ။

Samsung Galaxy S23 Ultra vs Galaxy S22 Ultra: Leaker lists four major improvements between generations - NotebookCheck.net News

Galaxy S23+ 8GB RAM/128GB Storage ကို ၉၉၉ ဒေါ်လာနဲ့ 8GB RAM/256GB Storage ကို ၁,၀၄၉ ဒေါ်လာ သတ်မှတ်ထားမှာပါ။ 512GB Storage Version အကြောင်းတော့ မပါလာပါဘူး။

Galaxy S23 Ultra က ဈေးအကြီးဆုံး ဖြစ်ပြီး 8GB RAM / 256GB Storage ကို ၁,၂၄၉ ဒေါ်လာ၊ 12GB RAM/512GB Storage ကို ၁,၃၄၉ ဒေါ်လာနဲ့ 12GB RAM / 1TB Storage ကို ၁,၄၉၉ ဒေါ်လာ သတ်မှတ်ထားမှာပါ။ RGClouds က 1TB Storage Version ကို ၆ ပတ်လောက်နောက်ကျပြီးမှ ရောင်းမယ်လို့ ပြောပါတယ်။

  • Galaxy S23 8 GB RAM/128 GB storage: US$799
  • Galaxy S23 8 GB RAM/256 GB storage: US$849
  • Galaxy S23+ 8 GB RAM/128 GB storage: US$999
  • Galaxy S23+ 8 GB RAM/256 GB storage: US$1,049
  • Galaxy S23 Ultra: 8 GB RAM/256 GB storage: US$1,249
  • Galaxy S23 Ultra: 12 GB RAM/512 GB storage: US$1,349
  • Galaxy S23 Ultra 12 GB RAM/1 TB storage: US$1,499

အခုဈေးနှုန်းတွေဟာ ရာနှုန်းပြည့် မသေချာသေးဘဲ ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ ကျင်းပမယ့် Galaxy Unpacked Event နီးလာရင် ပြောင်းလဲသွားနိုင်ပါတယ်။

Ref : gizmochina