[Zawgyi]

လြန္ခဲ့တဲ့ ၂ ပတ္ေက်ာ္ေလာက္က ဆြစ္ဇာလန္ႏိုင္ငံ၊ ဇူးရစ္မွာ OPPO Reno ကို ႏိုင္ငံတကာေဈးကြက္အတြက္ ေၾကညာခဲ့ပါတယ္။ OPPO Reno ဟာ ငါးမန္းေတာင္ပုံစံ Pop-up Selfie ကင္မရာဒီဇိုင္းဆန္းေၾကာင့္ မီဒီယာေတြရဲ႕ အာ႐ုံစိုက္မႈကို ခံခဲ့ရတဲ့ စမတ္ဖုန္းလည္း ျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ရက္ေတြတုန္းကေတာ့ OPPO Reno မ်ိဳးကြဲတစ္ခုအျဖစ္ စမတ္ဖုန္း တစ္လုံးကို TENAA မွာ ေတြ႕ျမင္ခဲ့ၾကရပါတယ္။ အခုေတြ႕ျမင္လိုက္ရတဲ့ စမတ္ဖုန္းကေတာ့ Pop-up ကင္မရာနဲ႔မဟုတ္ဘဲ သမား႐ိုးက် Notch ပါဝင္တဲ့ မ်က္ႏွာျပင္နဲ႔ပဲ ျဖစ္ပါတယ္။

ဒီဖုန္းရဲ႕ ကုဒ္နာမည္ေတြက PCXM10 နဲ႔ PCDT10 ျဖစ္ၾကပါတယ္။ 2.2 GHz, Octa-core CPU နဲ႔ျဖစ္တာကိုလည္း ေတြ႕ရပါတယ္။ Chip ကေတာ့ Snapdragon 710 နဲ႔ပဲထြက္လာဖြယ္ရွိတယ္လို႔ ယူဆရပါတယ္ ။ အကယ္၍ Snapdragon 730 နဲ႔ထြက္လာမယ္ဆိုရင္လည္း အံ့အားသင့္စရာေတာ့ မဟုတ္ပါဘူး။

အခ်က္အလက္အခ်ိဳ႕ကို ေဖာ္ျပရမယ္ဆိုရင္တာ့ 6GB of RAM နဲ႔ 128GB of Storage ျဖစ္ေၾကာင္း သိရပါတယ္။ စုစုေပါင္း ကင္မရာ ၃ လုံးပါဝင္တယ္လို႔ သိရပါတယ္။ ေက်ာဘက္မွာေတာ့ ႏွစ္လုံးျဖစ္ၿပီး အေရွ႕ဘက္မွာေတာ့ Selfie ကင္မရာ တစ္လုံး ပါဝင္ပါလိမ့္မယ္။ ေက်ာဘက္ကင္မရာႏွစ္လုံးက 48MP + 5MP ျဖစ္မယ္လို႔လည္း သိရပါတယ္။ Selfie ကင္မရာကေတာ့ 32MP အျဖစ္ သိထားရပါတယ္။

မ်က္ႏွာျပင္ကေတာ့ 6.4-inch OLED ျဖစ္ၿပီး Full HD+ resolution လို႔ သိရပါတယ္။ Bezel ေတြကေတာ့ ထူထူထဲထဲျဖစ္မယ္လို႔ ေမွ်ာ္လင့္ထားရမွာပါ။ ဘက္ထရီပိုင္းနဲ႔ အ႐ြယ္အစားပိုင္းကေတာ့ ပုံမွန္ Reno နဲ႔ အနည္းငယ္ ကြဲျပားပါလိမ့္မယ္။ 3,95mAh ပမာဏ ဘက္ထရီျဖစ္မယ္လို႔လည္း သိရပါတယ္။ က်န္တဲ့ အခ်က္အလက္ေတြနည္းတူ ဒီ OPPO Reno သစ္ကို နာမည္ဘယ္လို ေပးမလဲဆိုတာလည္း အခုထိ မသိရေသးပါဘူး။

Ref: GSMArena

[Unicode]

TENAA မှာတွေ့မြင်ရတဲ့ 32MP Selfie ကင်မရာနဲ့ OPPO Reno သစ်

လွန်ခဲ့တဲ့ ၂ ပတ်ကျော်လောက်က ဆွစ်ဇာလန်နိုင်ငံ၊ ဇူးရစ်မှာ OPPO Reno ကို နိုင်ငံတကာဈေးကွက်အတွက် ကြေညာခဲ့ပါတယ်။ OPPO Reno ဟာ ငါးမန်းတောင်ပုံစံ Pop-up Selfie ကင်မရာဒီဇိုင်းဆန်းကြောင့် မီဒီယာတွေရဲ့ အာရုံစိုက်မှုကို ခံခဲ့ရတဲ့ စမတ်ဖုန်းလည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ရက်တွေတုန်းကတော့ OPPO Reno မျိုးကွဲတစ်ခုအဖြစ် စမတ်ဖုန်း တစ်လုံးကို TENAA မှာ တွေ့မြင်ခဲ့ကြရပါတယ်။ အခုတွေ့မြင်လိုက်ရတဲ့ စမတ်ဖုန်းကတော့ Pop-up ကင်မရာနဲ့မဟုတ်ဘဲ သမားရိုးကျ Notch ပါဝင်တဲ့ မျက်နှာပြင်နဲ့ပဲ ဖြစ်ပါတယ်။

ဒီဖုန်းရဲ့ ကုဒ်နာမည်တွေက PCXM10 နဲ့ PCDT10 ဖြစ်ကြပါတယ်။ 2.2 GHz, Octa-core CPU နဲ့ဖြစ်တာကိုလည်း တွေ့ရပါတယ်။ Chip ကတော့ Snapdragon 710 နဲ့ပဲထွက်လာဖွယ်ရှိတယ်လို့ ယူဆရပါတယ် ။ အကယ်၍ Snapdragon 730 နဲ့ထွက်လာမယ်ဆိုရင်လည်း အံ့အားသင့်စရာတော့ မဟုတ်ပါဘူး။

အချက်အလက်အချို့ကို ဖော်ပြရမယ်ဆိုရင်တာ့ 6GB of RAM နဲ့ 128GB of Storage ဖြစ်ကြောင်း သိရပါတယ်။ စုစုပေါင်း ကင်မရာ ၃ လုံးပါဝင်တယ်လို့ သိရပါတယ်။ ကျောဘက်မှာတော့ နှစ်လုံးဖြစ်ပြီး အရှေ့ဘက်မှာတော့ Selfie ကင်မရာ တစ်လုံး ပါဝင်ပါလိမ့်မယ်။ ကျောဘက်ကင်မရာနှစ်လုံးက 48MP + 5MP ဖြစ်မယ်လို့လည်း သိရပါတယ်။ Selfie ကင်မရာကတော့ 32MP အဖြစ် သိထားရပါတယ်။

မျက်နှာပြင်ကတော့ 6.4-inch OLED ဖြစ်ပြီး Full HD+ resolution လို့ သိရပါတယ်။ Bezel တွေကတော့ ထူထူထဲထဲဖြစ်မယ်လို့ မျှော်လင့်ထားရမှာပါ။ ဘက်ထရီပိုင်းနဲ့ အရွယ်အစားပိုင်းကတော့ ပုံမှန် Reno နဲ့ အနည်းငယ် ကွဲပြားပါလိမ့်မယ်။ 3,95mAh ပမာဏ ဘက်ထရီဖြစ်မယ်လို့လည်း သိရပါတယ်။ ကျန်တဲ့ အချက်အလက်တွေနည်းတူ ဒီ OPPO Reno သစ်ကို နာမည်ဘယ်လို ပေးမလဲဆိုတာလည်း အခုထိ မသိရသေးပါဘူး။

Ref: GSMArena