Gaming စမတ်ဖုန်းတွေ ထုတ်လုပ်ရောင်းချနေတဲ့ Nubia က မကြာခင်ကပဲ Nubia Red Magic 5G ကို နိုင်ငံတကာအတွက် ကြေညာခဲ့ပြီး တန်ဖိုးအနည်းဆုံးမော်ဒယ်ကို ၅၇၉ ဒေါ်လာ သတ်မှတ်ထားပါတယ်။ မြန်မာငွေ ၈ သိန်း ၂ သောင်းလောက်ရှိပါတယ်။ အခုတော့ Nubia Play စမတ်ဖုန်းကို ဒီလ ၂၁ ရက်နေ့မှာ မိတ်ဆက်မယ်လို့ ကုမ္ပဏီက ကြေညာလိုက်ပါတယ်။

Nubia က ဝီဘိုမှာ ပိုစတာ ၁ ခု မျှဝေလိုက်ပြီး အဲဒီ စမတ်ဖုန်းရဲ့ သတင်းအချက်အလက်တွေကို မဖော်ပြထားပေမယ့် 5G စမတ်ဖုန်းဆိုတာ သတင်းပေးထားပါတယ်။ ပို့စ်မှာ “Have Fun” လို့ ရေးသားထားတဲ့အတွက် လူငယ်တွေအတွက် ရည်ရွယ်ထုတ်လုပ်ထားတာ ဖြစ်နိုင်ပါတယ်။ Gaming စမတ်ဖုန်းလားဆိုတာ မသိရသေးပေမယ့် Nubia M2 လို စွမ်းရည်သင့် ဖုန်း ဖြစ်နိုင်ပါတယ်။

ZTE ဟာ အမေရိကန် အစိုးရရဲ့ စီးပွားရေး ပိတ်ပင်မှုတွေခံရပြီးနောက်မှာ Nubia ကနေ ဖုန်း‌တွေ သိပ်မထွက်လာတော့ပါဘူး။ စွမ်းရည်မြင့် Z Series နဲ့ မျက်နှာပြင် ၂ ခု ပါတဲ့ X Series တချို့ပဲထွက်လာပါတယ်။ Red Magic မဟုတ်တဲ့ ဖုန်း ထပ်ထွက်လာမယ်ဆိုတော့ Nubia ဟာ စမတ်ဖုန်း နယ်ပယ်မှာ ပြန်လည် ယှဉ်ပြိုင်တော့မယ်လို့ ထင်ပါတယ်။ မကြာခင်ကလည်း Nubia ဟာ Logo အသစ်ကို ကြေညာခဲ့ပါတယ်။

Ref : gsmarena