Unicode

Xiaomi ကနေ Poco ကို Redmi လိုမျိုးပဲ သီးသန့် Brand တစ်ခုအနေနဲ့ ခွဲထုတ်ခဲ့တာပဲဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းတုန်းက Poco India ရဲ့ General Manager ကနေ နောက်လာမယ့် Poco စမတ်ဖုန်းအသစ်ကို ယခု ပထမ ၃ လပတ်အတွင်းမှာ မိတ်ဆက်သွားမယ်လို့ ပြောကြားခဲ့ပြီးတော့ အခုအချိန်မှာတော့ အချိန်အတိအကျကို ထုတ်ပြန်ကြေညာလိုက်ပါပြီ။

ဒီသတင်းဟာလည်း ပြီးခဲ့တဲ့ ပြောကြားချက်လိုမျိုးပဲ Poco ကုမ္ပဏီကနေ တရားဝင်ထုတ်ပြန်ခဲ့တာဖြစ်ပြီးတော့ Twitter Account မှာ တင်ထားခဲ့တာလည်းဖြစ်ပါတယ်။ အခုသတင်းကိုလည်း Poco India ရဲ့ General Manager ကပဲ ပြောကြားခဲ့တာဖြစ်ပြီး လာမယ့် ဖေဖော်ဝါရီလမှာ တရားဝင်မိတ်ဆက်လာမှာပဲဖြစ်ပါတယ်။

အဲ့ဒီအတွက် ပြီးခဲ့တဲ့ Pocophone F1 ရဲ့ မျိုးဆက်သစ် Poco F2 ဖြစ်လာမလားဆိုတာကိုတော့ အတိအကျမသိရသေးသလို Flagship ဖုန်းတစ်လုံးဖြစ်လာမလား Poco F2 Lite လိုမျိုး Mid Range ဖုန်းပဲ အရင်မိတ်ဆက်လာမလားဆိုတာကတော့ ခန့်မှန်းရခက်နေပါသေးတယ်။

ဘာပဲဖြစ်ဖြစ် Poco အနေနဲ့အခုလိုမျိုး ကုမ္ပဏီခွဲထွက်လိုက်တဲ့အပြင် စမတ်ဖုန်းတွေကိုလည်း အများအပြားထုတ်လုပ်သွားမယ်ဆိုတာက ယခင် Pocophone F1 ကို အားပေးခဲ့တဲ့သူတွေအတွက်တော့ ဝမ်းမြောက်စရာသတင်းတစ်ခုဖြစ်ပါတယ်။ လာမယ့်လမှာ မိတ်ဆက်လာမယ့် Poco စမတ်ဖုန်းကလည်း Mi 10 လိုမျိုး Snapdragon 865 အသုံးပြုထားတဲ့ Flagship ဖုန်းဖြစ်လာမယ်ဆိုရင် အသုံးပြုသူတွေအနေနဲ့လည်း အခုထက် ရွေးချယ်စရာပိုများလာမှာပါ။

Ref – GSM Arena

Zawgyi

Xiaomi ကေန Poco ကို Redmi လိုမ်ိဳးပဲ သီးသန္႔ Brand တစ္ခုအေနနဲ႔ ခြဲထုတ္ခဲ့တာပဲျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ ရက္ပိုင္းတုန္းက Poco India ရဲ႕ General Manager ကေန ေနာက္လာမယ့္ Poco စမတ္ဖုန္းအသစ္ကို ယခု ပထမ ၃ လပတ္အတြင္းမွာ မိတ္ဆက္သြားမယ္လို႔ ေျပာၾကားခဲ့ၿပီးေတာ့ အခုအခ်ိန္မွာေတာ့ အခ်ိန္အတိအက်ကို ထုတ္ျပန္ေၾကညာလိုက္ပါၿပီ။

ဒီသတင္းဟာလည္း ၿပီးခဲ့တဲ့ ေျပာၾကားခ်က္လိုမ်ိဳးပဲ Poco ကုမၸဏီကေန တရားဝင္ထုတ္ျပန္ခဲ့တာျဖစ္ၿပီးေတာ့ Twitter Account မွာ တင္ထားခဲ့တာလည္းျဖစ္ပါတယ္။ အခုသတင္းကိုလည္း Poco India ရဲ႕ General Manager ကပဲ ေျပာၾကားခဲ့တာျဖစ္ၿပီး လာမယ့္ ေဖေဖာ္ဝါရီလမွာ တရားဝင္မိတ္ဆက္လာမွာပဲျဖစ္ပါတယ္။

အဲ့ဒီအတြက္ ၿပီးခဲ့တဲ့ Pocophone F1 ရဲ႕ မ်ိဳးဆက္သစ္ Poco F2 ျဖစ္လာမလားဆိုတာကိုေတာ့ အတိအက်မသိရေသးသလို Flagship ဖုန္းတစ္လုံးျဖစ္လာမလား Poco F2 Lite လိုမ်ိဳး Mid Range ဖုန္းပဲ အရင္မိတ္ဆက္လာမလားဆိုတာကေတာ့ ခန္႔မွန္းရခက္ေနပါေသးတယ္။

ဘာပဲျဖစ္ျဖစ္ Poco အေနနဲ႔အခုလိုမ်ိဳး ကုမၸဏီခြဲထြက္လိုက္တဲ့အျပင္ စမတ္ဖုန္းေတြကိုလည္း အမ်ားအျပားထုတ္လုပ္သြားမယ္ဆိုတာက ယခင္ Pocophone F1 ကို အားေပးခဲ့တဲ့သူေတြအတြက္ေတာ့ ဝမ္းေျမာက္စရာသတင္းတစ္ခုျဖစ္ပါတယ္။ လာမယ့္လမွာ မိတ္ဆက္လာမယ့္ Poco စမတ္ဖုန္းကလည္း Mi 10 လိုမ်ိဳး Snapdragon 865 အသုံးျပဳထားတဲ့ Flagship ဖုန္းျဖစ္လာမယ္ဆိုရင္ အသုံးျပဳသူေတြအေနနဲ႔လည္း အခုထက္ ေ႐ြးခ်ယ္စရာပိုမ်ားလာမွာပါ။

Ref – GSM Arena