နာမည်ကြီး Gaming Laptop နဲ့ တခြားသော Product တွေအများအပြားကို ထုတ်လုပ်နေတဲ့ Razer ကုမ္ပဏီကနေ Virtual RazerCon Event ကနေတစ်ဆင့် Gaming Laptop အသစ်တစ်မျိုးကို မိတ်ဆက်ခဲ့ပါတယ်။ ဒါကတော့ ပါးလွှာတဲ့ Ultrabook တစ်ခုလို့ ပြောနိုင်တဲ့ Razer Blade Stealth 13 ကို အဆင့်မြှင့်တင်ပြီး မိတ်ဆက်ခဲ့တာဖြစ်ပါတယ်။

Razer ကနေ Blade Stealth 13 ကို အမျိုးအစား ၂ မျိုးမိတ်ဆက်ထားပြီး Display ပိုင်းမှာလည်း 13.3″ Full HD 120Hz Display နဲ့ 13.3″ Full HD OLED Touch Screen ဆိုပြီး ရွေးချယ်နိုင်မှာဖြစ်ပါတယ်။ Razer ရဲ့ ပြောကြားချက်အရတော့ OLED Touch Screen အမျိုးအစားက Brightness ပိုင်းနဲ့ Contrast Ratio ပိုင်းမှာ ပိုကောင်းမွန်မယ်လို့ သိရပါတယ်။

Performance ပိုင်းမှာတော့ Intel ရဲ့ 11th Tiger Lake Core i7-1165G7 Processor ကို အသုံးပြုထားပြီး Base Clock 2.8GHz နဲ့ Turbo Mode မှာ 4.7GHz အထိအမြန်နှုန်းရှိမှာဖြစ်ပါတယ်။ GPU ပိုင်းအနေနဲ့ကတော့ Thin & Light Ultrabook တစ်ခုဖြစ်ပေမယ့် Nvidia Geforce GTX 1650Ti ပါဝင်မှာဖြစ်တယ်လို့ သိရပါတယ်။ RAM 16GB အပြင် 512GB SSD ထည့်သွင်းထားပြီး 2TB SSD အထိကို တိုးမြှင့်နိုင်ပါတယ်။

Razer Blade Stealth 13 ဟာ အလေးချိန်အနေနဲ့ 1.4Kg ဝန်းကျင်ပဲရှိမှာဖြစ်ပြီး THX Spatial Audio Support ပါဝင်တဲ့ Upward-facing Speaker ၄ ခုပါဝင်မှာလည်းဖြစ်ပါတယ်။ အဲ့ဒီအတွက် Audio ပိုင်းမှာတော်တော်လေးကို ကောင်းမွန်မှာဖြစ်သလို Thunderbolt 4 ၊ USB-C ၊ USB-A Port တွေနဲ့ Wi-Fi 6 ကိုလည်း Support ပြုလုပ်မယ်လို့ သိရပါတယ်။

အဆိုပါ Razer Blade Stealth 13 ကိုတော့ Full HD 120Hz Display Version ကိုတော့ $1,799 (မြန်မာငွေ ၂၃ သိန်းဝန်းကျင်) ၊ Full HD OLED Display Version ကိုတော့ $1,999 (မြန်မာငွေ ၂၅ သိန်းခွဲဝန်းကျင်) နဲ့စတင်ရောင်းချသွားမှာဖြစ်ပါတယ်။

Ref – Android Authority