realme က မေလက C53 ကို ကြေညာခဲ့ပြီး အခုတော့ အိန္ဒိယမှာ Specs တချို့ကွဲပြားတဲ့ မော်ဒယ်အသစ်ကို ချပြလိုက်ပါတယ်။ မော်ဒယ်အသစ်နဲ့ အဟောင်းဟာ ကင်မရာနဲ့ အားသွင်းစနစ်တွေ မတူညီကြပါဘူး။

New Realme C53 unveiled in India with 108MP camera

မော်ဒယ်အသစ်ကို အိန္ဒိယက realme အွန်လိုင်းစတိုးကနေ ကြိုတင်မှာယူနိုင်ပြီ ဖြစ်ပြီး 4/128GB ကို ရူပီး ၁၀,၀၀၀ နဲ့ 6/64GB ကို ရူပီး ၁၁,၀၀၀ သတ်မှတ်ထားပါတယ်။

New Realme C53 unveiled in India with 108MP camera

မော်ဒယ်အဟောင်းရဲ့ 50MP ကင်မရာအစား မော်ဒယ်အသစ်မှာ 108MP Main ကင်မရာ တပ်ဆင်ထားပါတယ်။ အဲဒီအတွက် မော်ဒယ်အသစ်ရဲ့ In-sensor Zoom ဟာ ၃ ဆ ပိုကောင်းလာပါတယ်။ Ultra Wide ကင်မရာတော့ မပါလာပါဘူး။ ဆဲလ်ဖီး ကင်မရာက 8MP ဖြစ်ပါတယ်။ Dynamic Island UI ကို အတုခိုးထားပြီး Punch Hole အစား Notch တပ်ဆင်ထားပါတယ်။

New Realme C53 unveiled in India with 108MP camera

C53 မှာ 5,000mAh Battery ထည့်သွင်းထားပေမယ့် 33W အစား ပိုနှေးတဲ့ 18W Charging ပဲ ပါလာပါတယ်။ ကျန်တဲ့ Specs တွေဟာ မော်ဒယ် အဟောင်းနဲ့ တူညီကြပါတယ်။

New Realme C53 unveiled in India with 108MP camera

မော်ဒယ်အသစ်မှာ 6.74” IPS LCD 90Hz FHD+ မျက်နှာပြင်တပ်ဆင်ထားပြီး Unisoc T612 Chipset မောင်းနှင်ထားပါတယ်။ 6GB Virtual RAM အသုံးပြုနိုင်ပြီး SIM ၂ ခုနဲ့ microSD Card စိုက်နိုင်ပါတယ်။ အောက်ခြေမှာ USB-C 2.0 Port ၊ စပီကာ ၁ လုံးနဲ့ နားကြပ်ပေါက် ထည့်သွင်းထားပြီး ဖုန်း အထူက ၈ မီလီမီတာဖြစ်ပါတယ်။ Champion Gold နဲ့ Champion Black ၂ ရောင် ထုတ်လုပ်ထားပြီး ဒီလ ၂၆ ရက်နေ့ ရောင်းမှာပါ။

Ref : gsmarena