Apple နောက်ထုတ်မယ့် Foldable Device တွေရဲ့ သတင်းတွေ မကြာခဏ ထွက်ပေါ်နေပါတယ်။ Apple ဟာ Flip-style Foldable iPhone နဲ့  ဖြန့်ထားရင် 18.8” Screen ပါတဲ့ iPad/MacBook Hybrid ကို ဖန်တီးနေပါတယ်။

2026 could be the year Apple goes all in on foldables - HardwareZone.com.sg

အခုတော့ လေ့လာဆန်းစစ်သူ Jeff Pu က iPad/MacBook Hybrid ဟာ အရင်ထွက်လာမှာ ဖြစ်ပြီး ၂၀၂၆ ခုနှစ် ကွာတား ၂ မှာ ကြေညာနိုင်တယ်လို့ ပြောပါတယ်။ Foldable iPhone ကို ၂၀၂၆ ခုနှစ်ကုန်မှာ မိတ်ဆက်နိုင်ပါတယ်။ အဲဒီ Foldable ကို iPhone  18 Series နဲ့အတူ ကြေညာမယ်လို့ မထင်ရပါဘူး။ ဒါပေမယ့် တကယ် ဈေးကွက်ထဲကို ရောင်းချမယ့် အချိန်ဟာ ၂၀၂၆ ခုနှစ်ကုန်မှာ ဖြစ်နိုင်ပါတယ်။

Apple said to release two new foldable devices in 2026. Everything we know  so far | Mint

Jeff Pu က အဲဒီ Apple Foldable တွေ ကြေညာမယ့် အချိန်ကိုပဲ ပြောသွားပြီး တခြား သတင်းအချက်အလက် အသေးစိတ်ကို မပြောပါဘူး။ အရင်က ထွက်ခဲ့တဲ့ သတင်းအရ Apple ဟာ Foldable iPhone ရဲ့ Display ကို ထုတ်လုပ်ပေးမယ့် ကုမ္ပဏီနဲ့ စာချုပ်ချုပ်ဆိုပြီးပြီလို့သိရပါတယ်။

Apple ရဲ့ Foldable Device တွေဟာ ၂၀၂၆ ခုနှစ်ကျမှ ထွက်လာမယ့်အတွက် ဒီကြားထဲမှာ အပြောင်းအလဲတွေ ဖြစ်လာနိုင်ပါသေးတယ်။

Ref : gsmarena