Apple ဟာ ပြီးခဲ့တဲ့နှစ်တုန်းက iPhone 12 Series ဖုန်းတွေနဲ့အတူ Compact iPhone လို့ပြောနိုင်တဲ့ iPhone 12 Mini ကိုပါ မိတ်ဆက်သွားခဲ့ပါတယ်။ အဲ့ဒီနောက်ပိုင်းမှာ Android စမတ်ဖုန်းထုတ်လုပ်သူတွေပါ Mini စမတ်ဖုန်းတွေကို ပြန်လည်ထုတ်လုပ်လာနိုင်တယ်ဆိုပြီး သတင်းတွေထွက်ရှိခဲ့ပါသေးတယ်။

အခုအချိန်မှာတော့ Sony ကနေ ယခုနှစ်အတွင်းမှာ Xperia Compact စမတ်ဖုန်းအသစ်ကို မိတ်ဆက်သွားဖို့စီစဥ်နေတယ်ဆိုပြီး သတင်းထွက်ပေါ်လာပြီဖြစ်ပါတယ်။ Sony ဟာ ယခင်ထဲက Premium Flagship Series အနေနဲ့ Xperia Compact စမတ်ဖုန်းတွေကို မိတ်ဆက်ခဲ့တဲ့အတွက် အခုမိတ်ဆက်မယ့် Xperia Compact စမတ်ဖုန်းအသစ်ဟာလည်း Flagship ဖုန်းဖြစ်လာနိုင်ပါတယ်။

ဒါပေမယ့်လည်း Japan နိုင်ငံအတွက် ထွက်ရှိနေတဲ့သတင်းတွေအရတော့ အဆိုပါ Xperia Compact စမတ်ဖုန်းဟာ Flagship ဖုန်းမဟုတ်ဘဲ Mid Range 5G ဖုန်းသာဖြစ်လာမှာဖြစ်ပြီး Qualcomm Snapdragon 480 Chipset ကို အသုံးပြုလာမယ်လို့ သိရပါတယ်။ အဆိုပါသတင်းအပြင် Render ဓါတ်ပုံတွေပါ ထွက်ရှိလာခဲ့ပါတယ်။

Render ဓါတ်ပုံတွေအရတော့ Xperia Compact စမတ်ဖုန်းဟာ 21:9 Display ၊ Camera Button နဲ့ Vertical Camera Setup ပါဝင်မှာဖြစ်ပါတယ်။ Selfie Camera အနေနဲ့ကတော့ Punch-hole Design အစား Waterdrop Notch ကိုပဲ ဆက်လက်အသုံးပြုထားတာကိုတွေ့ရပါတယ်။ Design ပိုင်းအရတော့ လက်ရှိ Sony ရဲ့ Mid Range ဖုန်းတစ်လုံးဖြစ်တဲ့ Xperia L4 နဲ့ ပိုပြီးဆင်တူနေတယ်လို့တောင် ပြောနိုင်ပါတယ်။

Display အနေနဲ့ကတော့ 5.5″ Screen Size ရှိမှာဖြစ်ပြီး iPhone 12 Mini နဲ့ အရွယ်အစားဆင်တူမယ်လို့ ယူဆရပါတယ်။ ဒီလိုမျိုး Compact ဖြစ်နေပေမယ့်လည်း 3.5mm Headphone Jack ကိုဆက်လက်ထည့်သွင်းထားနိုင်တာကိုလည်း တွေ့ရပါတယ်။

Ref – GSM Arena