ပိုပြီးစိတ်ဝင်စားဖွယ်ကောင်းတဲ့ရသတွေကို ခံစားဖို့ ကျွန်တော်တို့ရဲ့ imotor168 B Website:imotor မော်တော်ဆိုင်ကယ်သတင်း ပြည်တွင်းပြည်ပမော်တော်ဆိုင်ကယ်သတင်းများ

Haojue ရဲ့နှစ်လိုဖွယ်ကောင်းတဲ့ ဗီဒီယိုမှတ်တန်းများ မစိုးရိမ်ပါနဲ့။

ဘီးကြီးဘီးသေး ဘယ်ဆိုင်ကယ်ရွေးမလဲ?

မတူညီတဲ့လူတွေအမြင်မှာ လူငယ်တွေအားလုံးက ပုံစံမတူခြားနားတဲ့ဒီဇိုင်းတွေ ကိုယ်စီရှိကြပါတယ်။ လူတစ်ယောက်နဲ့တစ်ယောက် ဆယ်ကျော်သက်ကာလ ငယ်ရွယ်နုပျိုချိန်ကို ဖြတ်သန်းပုံချင်းမတူညီကြပါဘူး။ တကယ်လို့ လူတစ်ယောက်ချင်းစီရဲ့ ငယ်ရွယ်နုပျိုချိန်ကို ဝေဟင်မှာပျံသန်းနေသည့်လေယာဉ်နှင့် နှိုင်းယှဉ်မယ်ဆိုရင် တစ်ချို့လူတွေက မြန်ဆန်သွက်လက်ပြီး အားမာန်အပြည့်နဲ့ ဝေဟင်မှာပျံသန်းနေတဲ့ တိုက်လေယာဉ်လိုပါပဲ။ ဒါပေမယ့်အချိန်ကြာကြာတော့ မပျံသန်းနိုင်ကြပါဘူး။ အချို့တွေက ကုန်သည်လေယာဉ်တွေလိုပဲ နှေးပေမယ့် အများကြီး သယ်ဆောင်နိုင်တယ်။ အချို့လူတွေကတော့ သတင်းအချက်အလက် အပြည့်အစုံသိရှိပြီး အချက်ပေးစနစ်ပါဝင်တဲ့ လေယာဉ်ပျံတွေနဲ့တူတယ်။ အနည်းစုမှာ မွေးကတည်းက ပိုင်ဆိုင်မှုအမြောက်အများနှင့် ချမ်းသာကြွယ်ဝစွာနေထိုင်လာရသဖြင့် ဆယ်ကျော်သက်အရွယ်တွင် ကိုယ်ပိုင်ဂျက်လေယာဉ်ပင်ပိုင်ဆိုင်နေပြီဖြစ်သည်။

ကျွန်တော့်နာမည်မှာ ရှရှောက်ဆယ် ဟုခေါ်ပြီး ကျောင်းနေဖက်များက ကျွန်တော့်ကို ကနေဦးလေယာဉ် (ဂလိုက်ဒါ) နှင့်တူသည်ဟု အမြဲနောက်ပြောင်ကြပါသည်။ သူတို့အမြင်တွင် ကျွန်တော်သည် ဟာသဉာဏ်မရှိ၊ လူငယ်ပီပီပျော်ပျော်ပါးပါးမနေဘဲ အမြဲတမ်းကိုယ့်ရဲ့ကမ္ဘာကျဉ်းကျဉ်းလေးထဲမှာ ပျော်မွေ့နေတဲ့ လူရိုးလူအ တစ်ယောက်ဖြစ်နေသည်။ အကယ်၍ ဒီလိုဆန်းကြယ်တဲ့ဖြစ်ရပ်နှင့်မကြုံခဲ့ပါက ကျွန်တော်၏လူငယ်ဘဝကို ကွန်ပျူတာပိုက်၍သာ အချိန်ကုန်နိုင်ပါသည်။

အဲဒီတုန်းက ကျောင်းပိတ်ရက်တစ်ရက်မှာ တုန်းမန်းဆည်ကျောင်းမှ အစ်မလီလီသည် ဗြုန်းစားကြီး ကျွန်တော့်အား ကျောင်းလှေကားတွင် တွေ့ရန်ချိန်းဆိုလိုက်ပြီး ကျောင်းဂိုဒေါင်အတွင်းတွင် သိမ်းထားသော ဆိုင်ကယ်စီးဦးထုပ်နှစ်လုံးလည်း ယူလာခိုင်းလိုက်သေးသည်။ ဘာတွေကြံစည်နေသလဲ မတွေးတတ်တော့ပါဘူးဗျာ။

“အစ်မလီလီရေ ကျွန်တော်တို့ဆိုင်ကယ်ဦးထုပ်တွေနဲ့ ဘယ်သွားကြမလို့လဲဗျာ။”

မင်းကိုခေါ် ပြီးလျှောက်လည်မလို့ပေါ့။

“ခဏလေးနေပါဦး”

သူမဆိုင်ကယ်တွေကြားမှ အပြာရောင်အော်တိုဆိုင်ကယ်တစ်စီး တွန်းထွက်လာသည်ကို တွေ့လိုက်ရပါသည်။ ဆိုင်ကယ်ဖွဲ့စည်းပုံမှာ အလွန်ထူးခြားပြီး ဒီဇိုင်းကလည်း ခေတ်မီပြီး ခပ်မိုက်မိုက်လေးဆိုတော့ ဘေးနားကအခြားဆိုင်ကယ်များနှင့်ယှဉ်ရင် ဒီအပြာရောင်ဆိုင်ကယ်လေးက ထင်ပေါ်နေတာပေါ့ဗျာ။ ဒါ့ကြောင့်လည်း အစ်မ ချက်ချင်းရှာတွေ့သွားတာကိုး။

အစ်မလီလီက ရုတ်တရက် ကျွန်တော့်လက်ထဲ ဆိုင်ကယ်သော့ကို ထည့်လိုက်ပါသည်။

နှစ်သစ်ရောက်တော့မယ်လေ၊ မင်းနဲ့ m-boy ရဲ့တာဝန်ကတော့ ငါ့အတွက် နှစ်သစ်ကူးလက်ဆောင်ကို လိုက်ရှာပေးရမယ်။

ဗျာ m-boy သြော်..ဆိုင်ကယ်ကိုယ်ထည်မှာပါတဲ့ m-boy ဆိုတာကို ပြောတာကိုး။ ဒါဖြင့် ကျွန်တော်တို့ ခင်ဗျားရဲ့လက်ဆောင်ကို ဘယ်မှာသွားရှာရမှာလဲ?

Venus က တို့ကိုအိပ်မက်ပေးထားတာကတော့ ဒီမြို့ရဲ့ချစ်သူတွေဆုံစည်းတဲ့နေရာမှာ တွေ့မယ်တဲ့ တို့တွေလျောက်လည်ပတ်ရင်း ရှာကြတာပေါ့။

m-boy ရဲ့ကိုယ်ထည်ဟာ သေးငယ်သလိုထင်ရပေမယ့် ခြေနင်းနေရာမှာ ကျဉ်းမြောင်းခြင်းမရှိသည့်အတွက်ကြောင့် ပထမဆုံးအကြိမ် စစီးကြည့်လိုက်တဲ့အချိန်မှာပဲ ကျွန်တော့်အား လွန်စွာအံ့အားသင့်စေခဲ့ပါသည်။

“ကြည့်ပါအုံး၊ ဒီနေရာက တော်တော်စည်ကားတာပဲ ဒီမှာများရှိနေမလား။ တို့တွေဝင်သွားကြည့်ရအောင်လေ။”

Shopping Center အတွင်းမှာ နှစ်သစ်ကူးအကြိုဈေးပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပနေသော်လည်း သူမ လိုချင်တဲ့လက်ဆောင်ကို ဘယ်နေရာမှာမှ ရှာမတွေ့ပါဘူး။ အစ်မလီလီဝမ်းနည်းစပြုလာပါပြီ။ ကံကောင်းလို့ m-boy ၏ ထိုင်ခုံနေရာကျယ်လွင့်ခြင်း၊ နောက်ခြေတင်ခုံမြင့်ထားခြင်း၊ နှစ်ယောက်စီးသော်လည်း သက်တောင့်သက်သာရှိအောင် ဒီဇိုင်းလုပ်ထားခြင်းကြောင့်သာပေ့ါ၊ မဟုတ်ရင် ကျွန်တော့်အကျီမှာလည်း သူမ၏မျက်ရည်များနှင့် စိုရွှဲသွားပါလိမ့်မည်။

တဖြည်းဖြည်းနဲ့ မိုးချုပ်စပြုလာပါပြီ၊ အလင်းရောင်ရှိသည့်သစ်ပင်အောက်တွင် ကျွန်တော်ရုတ်တရက် အတွေးတစ်ခုဝင်သွားပါသည်။

အစ်မလီလီအတွက် နှစ်သစ်လက်ဆောင်မှာ m-boy နှင့်ဆက်စပ်မှုများရှိနေမလား၊ ဟုတ်ပြီ m-boy ဟာ လက်ဆောင်ကို ရှာတွေ့နိုင်မည့်သဲလွန်စဖြစ်လိမ့်မည်။ အဲဒါကြောင့် ကျွန်တော် m-boy ကို သေသေချာချာလေ့လာကြည့်လိုက်တယ်။ ကျွန်တော် LED မီးသီးကြီးကို အရင်ဖွင့်ကြည့်လိုက်တယ်။ မီးအလင်းရောင်က ကျွန်တော်တို့ကို လမ်းပြပေးနိုင်မယ်ထင်တယ်။

m-boy ၏ ဖြာထွက်နေသော LED မီးသီးကြီးဖွင့်ပြီးနောက် စူးရှသောအလင်းသည် ရှေ့မှ လမ်းအားလုံးကို လင်းလက်သွားစေပါသည်။

ရုတ်တရက် တစုံတရာ ဆွဲငင်ခြင်းခံလိုက်ရသကဲ့သို့ အဝေးမှ စိန်၏အလင်းရောင်ကဲ့သို့ စူးနစ်ဖြာထွက်လာခြင်းကို ခံစားလိုက်ရပါသည်။

“ဟိုဖက်ကလူကဘယ်သူလဲ။ ရုတ်ရုတ်လာမလုပ်နဲ့၊ ကျွန်တော်ကသိုင်းတတ်တယ်နော်။”

“မကြောက်ပါနဲ့၊ တို့ပါ။ မင်းက အဲ့ဒီလောက်တောင်သတ္တိနည်းသလား။ မင်း မီးသီးကြီးကို ဖွင့်လိုက်လို့ ငါ m-girl ကို ရှာတွေ့သွားတာ။ ဒါက တော်တော်လေး ထူးဆန်းတဲ့တိုက်ဆိုင်မှုပဲ။”

ကြည့်ပါအုံး..ဆိုင်ကယ်ကိုယ်ထည်ထဲမှာ မြုပ်ထားတဲ့ အကွေ့အချက်ပြမီးချောင်းက ရတနာဆွဲကြိုးကို ဝတ်ဆင်ထားတဲ့ မိန်းမပျိုလေးနဲ့မတူပေဘူးလား။

“အခုမှပဲ ကျွန်တော်သတိထားမိတယ်..” တကယ်တော့ ဒီနေရာဟာ ဒီမြို့ရဲ့ချစ်သူတွေဆုံစည်းရာနေရာပဲ၊ m-girl ကတော့ မင်းအတွက် တစ်ခုတည်းသော နှစ်သစ်လက်ဆောင်ဖြစ်ပါတယ်၊ m-boy နှင့် m-girl ကတော့ သစ်လွင်တဲ့မြို့ပြရဲ့ ကောင်လေးနဲ့ကောင်မလေးကို ကိုယ်စားပြုတဲ့သင်္ကေတနှစ်ခုသာ ဖြစ်ပါတော့တယ်။”

အစ်မလီလီက ကျွန်တော်ကို m-girlရှေ့ခေါ်သွားပြီး ကြည့်ပါအုံး၊ Haojue ရဲ့ m series က ကာလာစုံလင်တဲ့ LED ဒိုင်ခွက်ကို အသုံးပြုထားတဲ့အပြင် အချက်အလက်တွေပြည့်စုံပြီး ကီလိုမီတာအချက်ပြဇယားပေါ်နေရုံနဲ့ ဒိုင်ခွက်ပေါ်က SEL ခလုတ်ကို အကြာကြီးနှိပ်ထားရုံနဲ့ ကာလာစုံလင်တဲ့နောက်ခံကိုလည်း စိတ်ကြိုက်ပြောင်းလဲနိုင်တယ်။ ဆိုင်ကယ်နှစ်စီးလုံးရဲ့ ကိုယ်ထည်ဒီဇိုင်းဟာ အလွန်ကြည့်ကောင်းရုံသာမက ဒိုင်ခွက်မှာ တစ်ပုံစံတည်းဖြစ်ပါတယ်။ မင်းရဲ့ m-boy လည်း အရောင်ပြောင်းလို့ရပါတယ်နော်။

“သြော် အဲဒီလိုပြောင်းလို့ရတာလား၊ အရင်က ကျွန်တော်တောင်သတိမထားမိလိုက်ဘူး။”

ရှည်လျားတဲ့ညတာမှာ Haojue m-boy/ m-girl နှင့် ဒီမြို့၏ဇာတ်လမ်း မပြီးဆုံးသေးပါ…

အဲဒီညက အစ်မလီလီကို ကျွန်တော်ဓာတ်ပုံတွေ အများကြီးရိုက်ပေးဖြစ်တယ်။ Venus က ပေးတဲ့လက်ဆောင်ကို သူမတော်တော်လေး သဘောကျနေပုံပဲ။ အိမ်ပြန်ရောက်တာနဲ့ သူမ ကျွန်တော်ရိုက်ထားပေးတဲ့ဓာတ်ပုံတွေကို Online ပေါ်တင်မှာ အသေအချာပဲပေါ့ဗျာ။ မပြန်ခင် နောက်နေ့ မနက်စာအတူ သွားစားရန် ကျွန်တော်တို့ ချိန်းလိုက်သေးသည်။ ဆိုင်ကယ်ရှိတော့ ဘယ်သွားသွား၊ ဘယ်လာလာ အရမ်းအဆင်ပြေတယ်ဗျာ။

“လေ့ကျင့်ခန်းများများလုပ်မှ ကျန်းမာတဲ့ကိုယ်ခန္ဓာကို ပိုင်ဆိုင်နိုင်မှာပေါ့။ မင်းကိုယ်မင်းလည်းပြန်ကြည့်ဦး။ နေ့တိုင်းအဆောင်ထဲမှာချည်း ပုန်းနေတာ မကြာခင် ဖက်တီးဖြစ်လာလိမ့်မယ်။”

“အစ်မလီလီရေ ကျွန်တော်ကိုခဏစောင့်ပါဦး။ ဘယ်သူကများ Tennis ဆော့ပြီး တောင်တက်လို့လဲ။ ဘုရားရေ၊ ကျွန်တော်တော့ မောလို့သေမှာပဲ။”

မင်းရဲ့တိုးတက်မှုကို ဂုဏ်ပြုတဲ့အနေနဲ့ အအေးတစ်ခုခုတိုက်ပါမယ်၊ Lemon tea လား Milk tea လား။

Milk Tea…ကျွန်တော် Milk Tea သောက်ချင်တယ်။

တော်လိုက်တော့၊ အဲဒါကြောင့် မင်းတစ်နေ့တစ်နေ့ ပိုဝလာတာ။

“အစ်မလီလီ ကျွန်တော်ခန့်မှန်းရသလောက်တော့ ခင်ဗျားအရပ် 1.6m လောက်ရှိမယ်ထင်တယ်၊ ဟုတ်လား။”

“အင်း၊ ဒါပေမဲ့ မိန်းခလေးတစ်ယောက်ရဲ့အရပ်ကို မမေးပါနဲ့။ အရပ်အမြင့်က အရေးမကြီးပါဘူး။ အရေးကြီးတာက မင်းအပေါ်ကောင်းဖို့ပဲ။ အမြင့် 740mm သာရှိတဲ့ m-girl လိုမျိုးပေါ့ အရမ်းကိုနွေးထွေးမှုပေးနိုင်တယ်၊ အမြင့်က 1.7m မရှိပေမဲ့လည်း စီးရတာပေါ့ပါးပြီး စိတ်ဖိစီးမှုမရှိစေပါဘူး။”

နောက်ပြီးတော့ ရှေ့မှာလည်း အမျိုးသမီးတွေရဲ့လက်ဆွဲအိတ်ကို အလွယ်တကူချိတ်ဆွဲလို့ရတယ်။

“အရှေ့က Tool box အပေါ်မှာလည်း USB အားသွင်းတဲ့အပေါက်ပါရှိပါတယ်၊ ဖုန်းကို အချိန်မရွေးအားသွင်းနိုင်ပါတယ်၊ ကိုယ့်ကို Wechat ကနေ ဆက်သွယ်တဲ့သူရှိရင်လည်း လိုင်းကျမသွားတဲ့အတွက် အဆက်အသွယ်မပြတ်နိုင်ပါဘူး။ မင်းရဲ့ m-boy လည်း အတူတူပါပဲ။”

နောက်ပြီး သောက်မကုန်တဲ့ milk tea ကိုလည်း အလွယ်တကူ သယ်သွားလို့ရတဲ့အတွက် အလေအလွင့်မဖြစ်တော့ဘူးပေါ့။

“ကျွန်တော့်ရဲ့လက်အိတ်လည်း ထည့်လို့ဆန့်တဲ့အတွက် ဆိုင်ကယ်ခုံမပြီး လက်အိတ်ထည့်ရန် မလိုတော့ဘူးလေ။”

Haojue m series model နှစ်မျိုးလုံးရှိ ဆိုင်ကယ်ခုံအောက်က Tool Box မှာ 18L ကျယ်သည့်အတွက် ဆိုင်ကယ်ဦးထုပ်အပြင် ထသွားထလာ အပြင်ထွက်တဲ့အခါ သယ်လေ့ရှိတဲ့ လွယ်အိတ်၊ လက်ကိုင်အိတ်များကို ထည့်နိုင်လို့ ပေါ့ပေါ့ပါးပါးသွားလာလို့ရတာပေါ့ဗျာ။

အအေးသောက်နေစဉ် အစ်မလီလီသည် အဝေးသို့ငေးကြည့်ရင်း တစ်စုံတစ်ရာကို လေးလေးနက်နက်စဉ်းစားနေပုံရတယ်။ သူမ၏ဟိုးအဝေးဆီမှ ဆွေမျိုးများကို သတိရနေခြင်းလား။ Venus ဆိုတာကရော သူမနှင့် ဘယ်လိုပတ်သက်မှုရှိသလဲ။ ဘာပဲဖြစ်ဖြစ် ကျွန်တော်စိတ်ထဲ တစ်ခုခုထူးဆန်းသလိုခံစားရတယ်။

“သွားစို့၊ တို့တွေထွက်လာတာတော်တော်ကြာသွားပြီ၊ ကျောင်းပြန်သင့်ပြီထင်တယ်။”

“ဒါပေမဲ့ ကျွန်တော်ရဲ့ဆီဂိတ်တံမှာ ပြနေတာကနှစ်တုံးဘဲ ကျန်တော့တယ်၊ ပြန်သွားဖို့ လောက်ပါ့မလား။”

“စိတ်မပူပါနဲ့၊ ကြည့်ရတာမြို့ပေါ်က ဇိမ်ခံဆိုင်ကယ်လို့ထင်ရပေမဲ့ နှစ်စီးလုံးရဲ့ဆီတိုင်ဂီက 6.5L တောင်ဆန့်တယ်လေ။ မင်းကမြို့တွင်းစီးမှာဆိုတော့ အမြန်မောင်းလို့မှမရတာ၊ ဆီနှစ်တုံးဆိုတာ 100km တော့ အသာလေးမောင်းနိုင်ပါတယ်။”

“အစ်မလီလီက science ကျောင်းသူလို့ကို မပြောရဘူး၊ ကိန်းဂဏန်းတွေကို တော်တော်ကျွမ်းကျင်တာဘဲ။”

m-girl ဖြစ်စေ၊ m-boy ဖြစ်စေ Haojue ၏ ESS အင်ဂျင်ကို အသုံးပြုထားပါတယ်။ တိုက်ပစ်မောင်း၊ ကင်းမရှပ်၊ ကော်နတင်းစသည့်ပစ္စည်းများကို အသုံးပြုထားသည့် Haojue ၏ အဆင့်မြင့် ESS အင်ဂျင်ကြောင့် အခုဆိုရင် ပြည်မကြီးတွင် Haojue auto ဆိုင်ကယ်မှာ အဓိကနေရာတွင် ရပ်တည်လာနိုင်ပြီဖြစ်ပါတယ်။ အမြင့်ဆုံးပါဝါ 7,500 လည်ပတ်ပါက 6.6kW, အမြင့်ဆုံးလှည့်နိုင်အား 5,000 လည်ပတ်ပါက 10.0N.m အထိ စွမ်းဆောင်နိုင်ပါတယ်။ ဆိုင်ကယ်၏နာမည်မှာ ချစ်စဖွယ်ကောင်းခြင်းဆိုသည့်အဓိပ္ပာယ်ကို ဖော်ဆောင်ထားပြီး အကောင်သေးသော်လည်း သူ၏စွမ်းအားကို လျော့တွက်လို့မရဘူးနော်။

မြို့တွင်းစီးရသည့် တကယ့်အရသာမှာ ကွန်ကရစ်လမ်းပေါ်တွင်ဖြစ်စေ၊ ကတ္တရာလမ်းပေါ်တွင်ဖြစ်စေ အရမ်းကို ပေါ့ပါးသွက်လက်၍ ငြိမ့်ညောင်းတယ်။အလွန်တည်ငြိမ်ပြီး ရှော့ဘားမှာလည်း တုန်ခါမှုကို ကောင်းစွာထိန်းချုပ်နိုင်သည့်အတွက် စီးရသည့်ကိုယ်ဟန်အနေအထားမှာလည်း လူကို ပေါ့ပါးလန်းဆန်းစေပြီး မောပန်းသည်ဟု မခံစားရပါ။

ဆိုင်ကယ်စထွက်ပြီး အရှိန်မြင့်လိုက်သည့်အချိန်များတွင်လည်း ESS အင်ဂျင်ကို အသုံးပြုထားသည့်အတွက် ငြိမ်ညောင်းတယ်။၊ ထို့အပြင်ဆူညံသံမရှိသလောက်ဖြစ်ပြီး တုန်ခါမှုနည်းတယ်။ ၆၀၀၀ လှည့်ပါက လက်ကိုင်မှာ တုန်ခါမှုအနည်းငယ်ခံစားရပါလိမ့်မယ်။ သို့သော် ကျွန်တော်လက်အိတ်ဝတ်ထားသဖြင့် ထိုတုန်ခါမှုလောက်မှာ ပြဿနာမရှိပေ။ အင်ဂျင်ပါဝါကတော့အံ့မခန်းပါဘဲ ဒါတောင် အင်ဂျင်ပါဝါကို အဆုံးအထိ မတင်ကြည့်ရသေးပါဘူး။ ဘာလို့လဲဆိုတော့ အစ်မလီလီက ကျွန်တော်ကို စည်းကမ်းလိုက်နာသောပြည်သူ ပီသရန်အမြန်မမောင်းဖို့ အကြိမ်ကြိမ်သတိပေးနေတဲ့အတွက်ကြောင့်ပါ။

ဆိုင်ကယ်နှစ်စီးစလုံး၏ ပစ်စတင်တစ်ခုကို ဒစ်ဘရိတ်နှင့်ချိတ်ထားသဖြင့် ဘရိတ်အုပ်ရာတွင် လွယ်ကူစေပါသည်၊ လူကိုစိတ်လုံခြုံမှုဖြစ်စေပြီး သွားလာရအလွန်အဆင်ပြေစေပါတယ်။

“ခင်ဗျားစီးတဲ့ m-girl က ကျွန်တော်ကြည့်ဘူးတဲ့ 3D ဇာတ်ကားထဲက စက်ရုပ်နဲ့တူတယ်ဗျာ။”

“မင်းပြောတာက Big hero 6 ဇာတ်ကားထဲက Baymax လား?”

“ဟုတ်တယ်၊ ခင်ဗျားလည်းကြည့်ဖူးတယ်ပေါ့။ ကိုယ်ဘာသာကိုယ် အရမ်းချစ်ဖို့ကောင်းတဲ့ ဆိုင်ကယ်စီးနေရတယ်လို့မခံစားမိဘူးလား။”

“အပြင်ပန်းလှရုံသာမကဘဲ လူကိုယုံကြည်စိတ်ချမှုခံစားစေတာကလည်း m-girl ရဲ့သင်္ကေတပါဘဲ။”

ဘရိတ်မီးလင်းလာပြီး ကျွန်တော်လည်းဆိုင်ကယ်ရပ်ပြီး အဆောင်ပြန်နားဖို့ပြင်နေစဉ် အစ်မလီလီက ကျွန်တော်ကိုခေါ်လိုက်ပါသည်။

“အားဆည် တစ်ကယ်တော့ တို့ မင်းကိုပြောစရာရှိတယ်။”

“???”

“မင်းကိုအရင်က မပြောခဲ့တဲ့စကားရှိတယ်။ တို့သွားတော့မယ်၊ တကယ်တော့တို့က venus ဘေးက powerpuff girl ပါဘဲ။ အရင်တုန်းကမင်းဟာ လက်တွေ့ပတ်ဝန်းကျင်က အဖြစ်အပျက်တွေကို ဘာမှ စိတ်ဝင်စားမှုမရှိ၊ လူမှုဆက်ဆံရေးလည်းမရှိတာကြောင့် Venus က မင်းကိုသနားလို့ မင်းအတွက်ဘဝသစ်မှာ ပျော်ရွှင်မှုတွေခံစားလာနိုင်အောင် တာဝန်ထမ်းဆောင်ဖို့ တို့ကို လွှတ်လိုက်တာပါ၊ အခုတော့ တာဝန်တွေပြီးဆုံးသွားပြီဆိုတော့ တို့ ကောင်းကင်ဘုံဆီပြန်တော့မယ်။”

“ဒီ m-boy နှင့် m-girl နှစ်စီးလုံးက ကြိုးကြာငှက်ကနေ အသွင်ပြောင်းထားတာပါ။ သူတို့ကို Venus ဆီ ပြန်ပေးရမှာ။ တို့ရဲ့သေတ္တာကို m-boy ရဲ့ခြေနင်းမှာ တင်ပေးပါအုံးနော်။”

“နှုတ်ဆက်လိုက်ပါတယ် အစ်မလီလီရေ။ ကျွန်တော်တို့ရဲ့ ခင်မင်ရင်းနှီးမှုကို အမြဲမှတ်ထားပါ့မယ်။”

ထိုအချိန်တွင် The Smurfs ကမ္ဘာ မှ အမှောင်မှော်ပညာသည် Gargamelမှာ တစ်စုံတစ်ရာကို ကြံစည်နေပါသည်။ သူ၏မှော်ကြေးမုံပြင်မှတစ်ဆင့် ခွဲခွာတော့မည့် ထိုလူနှစ်ယောက်ကို ကြည့်ပြီး ဘာတွေကြံစည်နေသလဲဆိုတာ……

ကျွန်တော်တို့ နောက်တစ်ကြိမ်ပြန်လည်လည်ဆုံဆည်းကြပါစို့။

M-Girl ၏ ဖွဲ့စည်းပုံ အညွှန်းကိန်းပြဇယား

HJ125T-33 နည်းပညာအသေးစိတ်အချက်အလက်

  • အလျားX အနံ X အမြင့် 1825mm*690mm*1130mm
  • ဘီးအကွာအဝေး 1255mm
  • အလေးချိန်110kg
  • မြေပြင်နှင့်ထိတွေ့သည့်အကွာအဝေး120mm
  • ထိုင်ခုံအမြင့် 740mm
  • ဆီတိုင်ဂီအကျယ် 6.5L
  • အင်ဂျင်အမျိုးအစား ဆီကန်တစ်ခုတည်း၊ လေအေးဒဏ်ကာကွယ်နိုင်၊ ပစ်စတင်ရိမ်း၄ခု
  • ထုတ်လွှတ်မှုနှုန်း 124ml
  • Cylinder bore Lathe x Speed 52,4mm x 57.9mm
  • Compression rarion 9:3:1
  • အမြင့်ဆုံး Power 6.6KW(7500r/min)
  • အမြင့်ဆုံးလှည့်နိုင်အား 10.0N.m(5000r/min)
  • ဆီပို့သည့်စနစ် EFI
  • ဂီယာBox ပုံစံအော်တိုပြောင်းလဲသည့်စနစ်
  • စတင်မောင်းနှင်သည့်ပုံစံ မီးပိုင်းနှင့်ခြေထောက်တပြိုင်တည်းနှင်းရန်
  • Start စနစ်မီးပိုင်းတိုက်ရိုက်ပို့ဆောင်သည့်စနစ်
  • ဘရိတ်စနစ်ရှေ့-ဒစ်ဘရိတ်
  • နောက်-ဟတ်ဘရိတ်
  • ဘီးလုံးအရွယ်အစား ရှေ့ဘီး90/90-12 44J
  • နောက်ဘီး 100/90-10 56J
  • ထုတ်လွှတ်သည့်စံနှုန်းနိုင်ငံ/V

M-Boy ၏ ဖွဲ့စည်းပုံ အညွှန်းကိန်းပြဇယား

HJ125T-35 နည်းပညာအသေးစိတ်အချက်အလက်

  • အလျားX အနံXအမြင့် 1870mm x 690mm x 1140mm
  • ဘီးအကွာအဝေး 130mm
  • အမြင့်ဆုံး Power 6.6KW(750r/min)
  • အမြင့်ဆုံးလှည့်နိုင်အား 10.0N.m(5000r/min)
  • ဆီပို့သည့်စနစ် EFI
  • ဂီယာ Box ပုံစံ အော်တိုပြောင်းလဲသည့်စနစ်
  • စတင်မောင်းနှင်သည့်ပုံစံ မီးပိုင်းနှင့်ခြေထောက်တစ်ပြိုင်တည်းနှင်းရန်
  • Start စနစ် မီးပိုင်းတိုက်ရိုက်ပို့ဆောင်သည့်စနစ်
  • ဘရိတ်စနစ် ရှေ့ – ဒစ်ဘရိတ်
  • နောက် – ဟတ်ဘရိတ်
  • ဘီးလုံးအရွယ်အစား ရှေ့ဘီး 90/90-12 44J
  • နောက်ဘီ 100/90-10 56J
  • ထုတ်လွှတ်သည့်စံနှုန်းနိုင်ငံ/V