Apple ဟာ လာမယ့်နှစ်မှာ iPhone SE အသစ်ကို မိတ်ဆက်သွားဖို့က သေချာသလောက်ဖြစ်နေပါပြီ။ ယခင်တုန်းက ထွက်ရှိထားတဲ့သတင်းတွေအရ အဆိုပါ iPhone SE အသစ်ဟာ iPhone XR Design ကို အသုံးပြုလာမှာဖြစ်ပြီး Face ID သို့မဟုတ် Power Button မှာ Fingerprint Sensor ကို အသုံးပြုပြီး ထွက်ရှိလာမှာဖြစ်ပါတယ်။

ဒါပေမယ့် အခုနောက်ဆုံးထွက်ရှိလာတဲ့သတင်းအရတော့ iPhone SE အသစ်ဟာ Design ပြောင်းလဲမှုရှိဦးမှာမဟုတ်ဘဲ ယခင် iPhone SE 2020 အတိုင်းပဲ iPhone 8 Design ကို အသုံးပြုလာမယ်လို့ သိရပါတယ်။ အဲ့ဒါကြောင့် 4.7″ LCD Display ကိုပဲ ဆက်လက်အသုံးပြုလာဦးမှာဖြစ်တဲ့အပြင် Home Button Touch ID ကိုလည်း ဆက်လက်ထည့်သွင်းထားမှာဖြစ်ပါတယ်။

အဆိုပါသတင်းကို Display Industry ပိုင်းမှာ သတင်းတွေကို အမြဲခန့်မှန်းတတ်တဲ့ Ross Young ကနေ ဖော်ပြခဲ့တာဖြစ်ပြီး iPhone XR ရဲ့ Display နဲ့ Design ကို iPhone SE မှာ အသုံးပြုမယ့်အချိန်ကို ရွေ့ဆိုင်းခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ ဒါကြောင့် လာမယ့် ၂၀၂၄ ခုနှစ်မှပဲ 5.7″ သို့မဟုတ် 6.1″ Display Size နဲ့ iPhone SE 3 ကို Notch အစား Hole-punch Display နဲ့ မိတ်ဆက်လာမှာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

အခုလိုမျိုး လာမယ့်နှစ်မှာမိတ်ဆက်လာမယ့် iPhone SE အသစ်ဟာ Design ပြောင်းလဲခြင်းမရှိတာကြောင့် iPhone SE 3 လို့ ခေါ်ဆိုသွားမှာမဟုတ်ဘဲ iPhone SE Plus လို့ပဲ ခေါ်ဆိုသွားမယ်လို့ သိရပါတယ်။ iPhone SE Plus ဖုန်းဟာ 5G Network ကို Support ပေးလာမှာဖြစ်ပြီး A15 Bionic Chip ကို အသုံးပြုလာနိုင်တာကြောင့် စျေးနှုန်းနဲ့ ယှဥ်မယ်ဆိုရင် စွမ်းဆောင်ရည်အကောင်းဆုံး iPhone ဖြစ်လာမှာပါ။

Ref – GSM Arena