Nintendo Switch 2 ကို ပြီးခဲ့တဲ့ ကြာသပတေးနေ့ကစပြီး တစ်ကမ္ဘာလုံးမှာ ရောင်းချခဲ့ပါတယ်။ ရောင်းချပြီး ပထမလေးရက်အတွင်းမှာပဲ Nintendo ဟာ သူတို့ရဲ့ နောက်ဆုံးပေါ် လက်ကိုင်ဂိမ်းစက် အလုံးရေ ၃.၅ သန်းကျော်ကို ကမ္ဘာတစ်ဝန်းမှာ ရောင်းချခဲ့ရပြီး ဒါဟာ Nintendo သမိုင်းတစ်လျှောက် အမြန်ဆုံးရောင်းချရတဲ့ ဂိမ်းစက်ဖြစ်လာပါတယ်။
Nintendo Switch 2 ကို ဂိမ်းစက်တစ်ခုတည်းသာပါဝင်တဲ့ standard package အဖြစ် ဝယ်ယူနိုင်သလို၊ Switch 2 နဲ့အတူ တစ်ပြိုင်တည်းထွက်ရှိလာတဲ့ Mario Kart World ဂိမ်းရဲ့ digital edition ပါဝင်တဲ့ package နဲ့လည်း ဝယ်ယူရရှိနိုင်ပါတယ်။
Standard package ကို အမေရိကန်မှာ ၄၄၉.၉၉ ဒေါ်လာနဲ့ ဈေးနှုန်းသတ်မှတ်ထားပြီး ဂိမ်းပါဝင်တဲ့ bundle ကတော့ ဒေါ်လာ ၅၀ ပိုကျသင့်ပါတယ်။ အပိုပစ္စည်းတွေအတွက်တော့ သီးခြားငွေ ထပ်မံသုံးစွဲရမှာ ဖြစ်ပါတယ်။
Nintendo Switch 2 မှာ HDR10 support ပါဝင်ပြီး 120Hz အထိ VRR ရရှိနိုင်တဲ့ ၇.၉ လက်မ 1080p LCD မျက်နှာပြင်ကို တပ်ဆင်ထားပါတယ်။ Switch 2 ကို NVIDIA က သီးသန့်ထုတ်လုပ်ထားတဲ့ chip နဲ့ အားဖြည့်ထားပြီး 256GB storage ပါဝင်ပါတယ်။ microSD Express card ကို အသုံးပြုပြီး storage ကို 2TB အထိ တိုးချဲ့နိုင်မှာလည်း ဖြစ်ပါတယ်။
Nintendo Switch 2 မှာ 5,220 mAh ဘက်ထရီကို တပ်ဆင်ထားပြီး ဘက်ထရီသက်တမ်းဟာ ၂ နာရီမှ ၆.၅ နာရီအထိ ခံတယ်လို့ ကြော်ငြာထားပါတယ်။
Ref : gsmarena