Samsung ဟာ နှစ်စဥ် Flagship Series ဖုန်းတွေကို မိတ်ဆက်နေသလိုမျိုးပဲ Galaxy Watch အသစ်တွေကိုလည်း မိတ်ဆက်နေတာဖြစ်ပါတယ်။ အခုနှစ်မှာလည်း Samsung ကနေ Galaxy Watch 5 Series တွေကို မိတ်ဆက်ဖို့စီစဥ်နေတာဖြစ်ပါတယ်။

ပုံမှန်အားဖြင့် Galaxy Watch တွေဟာ Design ပိုင်းရိုးရှင်းတဲ့ Galaxy Watch Classic နဲ့ Galaxy Watch ဆိုပြီး ၂ မျိုးမိတ်ဆက်နေကျဖြစ်ပါတယ်။ ဒါပေမယ့် အခုနှစ်မှာ Samsung ကနေ Galaxy Watch 5 Series မှာ Galaxy Watch 5 Pro ကိုပါ မိတ်ဆက်မယ်ဆိုပြီး သတင်းထွက်ပေါ်နေတာကြောင့် Watch 5 ၊ Watch 5 Classic နဲ့ Watch 5 Pro ဆိုပြီး ၃ မျိုး မိတ်ဆက်မယ်ဆိုပြီး ယူဆခဲ့ကြပါတယ်။

အခုနောက်ဆုံးသိရတဲ့သတင်းအရတော့ Samsung ဟာ ယခုနှစ်အတွက် Galaxy Watch 5 Classic မိတ်ဆက်မယ့် အစီအစဥ်ကို ဖျက်သိမ်းလိုက်တယ်လို့ သိရပါတယ်။ ဒါကြောင့် ယခုနှစ်မှာ Samsung ကနေ Watch 5 နဲ့ Watch 5 Pro ဆိုပြီး ၂ မျိုးပဲ မိတ်ဆက်သွားမှာပါ။

Galaxy Watch 5 အနေနဲ့ကတော့ 40mm နဲ့ 44mm ဆိုပြီး Size ၂ မျိုး မိတ်ဆက်သွားမယ်လို့ သိရပြီး Galaxy Watch 5 Pro ကတော့ 44mm Size တစ်မျိုးပဲ ထွက်ရှိလာမှာဖြစ်ပါတယ်။ ထူးခြားချက်အနေနဲ့ ယခင်တုန်းက Galaxy Watch တွေမှာပါဝင်ခဲ့တဲ့ Rotating Bezel ကို ထည့်သွင်းလာမှာမဟုတ်တော့ဘူးလို့လည်း သတင်းတွေထွက်ရှိနေပါတယ်။

ဒါပေမယ့်လည်း Galaxy Watch 5 Series Smartwatch တွေဟာ Battery Capacity ပိုင်းမှာ တိုးမြှင့်ထားသလို OLED Display ၊ GPS ၊ Heart Rate Monitor နဲ့ Galaxy Watch 4 လိုမျိုး Body Composition Sensor တွေလည်းပါဝင်မှာဖြစ်ပါတယ်။ အသေးစိတ်ကိုတော့ Samsung ကနေ တရားဝင်မိတ်ဆက်တဲ့အချိန်အထိ ဆက်လက်စောင့်ကြည့်ရမှာပါ။

Ref – Gizmo China