Nokia ရဲ့ သတင်းတွေကိုပဲ ဖွနေတဲ့ Leakster အကောင့် ၁ ခုက နောက်ထုတ်မယ့် စွမ်းဆောင်ရည်မြင့် Nokia 9.3 PureView စမတ်ဖုန်းရဲ့ အရောင်တွေကို ဝေမျှလိုက်ပါတယ်။ ပို့စ်မှာ “ Nokia ဟာ အဲဒီ ဖုန်းရဲ့ အရောင်တွေကို စဉ်းစားနေပါတယ်။ Juho က အပြာနဲ့ အနက် ထုတ်ချင်ပြီး Developers တွေက အစိမ်းနဲ့ အဖြူရောင်တွေ ထုတ်ချင်နေပါတယ်။ “ လို့ ရေးသားထားပါတယ်။

အဲဒီ ပို့စ်ကို Nokia CPO ဖြစ်သူ Juho Sarvikas က ပြန်လည် မျှဝေထားပါတယ်။ သူက Polar Night ကို ကြိုက်တယ်လို့ ရေးသားထားပါတယ်။ ရာထူးကြီးတဲ့ လူက ပြောကြားလိုက်တာ ဖြစ်တဲ့အတွက် အဲဒီ အရောင် ထွက်လာနိုင်ပါတယ်။

နောက်ဆုံးထွက်လာတဲ့ သတင်းတွေအရ အဲဒီ စမတ်ဖုန်းမှာ 120Hz Refresh Rate ပါလာနိုင်ပြီး 108MP Main ကင်မရာ ထောက်ပံ့ထားမှာပါ။ နောက်ဆုံးထုတ် Snapdragon 865 Chipset မောင်းနှင်ထားမှာ ဖြစ်ပါတယ်။ Nokia 9.3 ဟာ အရင်နှစ်ထုတ် Nokia 9 PureView ရဲ့ မျိုးဆက်ဖြစ်ပြီး အရင်သတင်းတွေအရ ဩဂုတ်လ ဒါမှမဟုတ် စက်တင်ဘာလမှာ ကြေညာနိုင်ပါတယ်။

Ref : gsmarena