Nokia ဟာ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလမှာ ၅၅ လက်မ 4K မော်ဒယ်နဲ့အတူ စမတ်တီဗီ လောကထဲ ဝင်ရောက်လာပါတယ်။ အခုတော့ အိန္ဒိယက Nokia ရဲ့ တီဗီတွေကို လိုင်စင် ယူထားတဲ့ Flipkart ဟာ Nokia ရဲ့ စမတ်တီဗီ အသစ် ၆ လုံးကို ကြေညာလိုက်ပါတယ်။ အရွယ်အစားတွေက အမျိုးမျိုး ဖြစ်ပြီး ၃၂ လက်မ ကနေ ၆၅ လက်မ အထိ ရှိပါတယ်။

အခြေခံ ၃၂ လက်မ မော်ဒယ်မှာ 1366x768p မျက်နှာပြင်၊ Onkyo Sound System နဲ့ Android 9 Pie တွေ ထည့်သွင်းထားပါတယ်။ မော်ဒယ်အားလုံးမှာ VA(Vertically Aligned) LCD ၊ HDMI Port ၂ ခု၊ USB Port ၃ ခုနဲ့ ကြည်လင်ပြတ်သားမှု၊ အရောင် အပိုင်းတွေမှာ ကောင်းမွန်စေတဲ့ Micro Dimming တွေ ပါလာပါတယ်။ 8GB Storage နဲ့ 1.5GB RAM ထည့်သွင်းထားပြီး ၁၂,၉၉၉ ရူပီး သတ်မှတ်ထားပါတယ်။ ၂ သိန်း ၃ သောင်းလောက်ရှိပြီး တခြား မော်ဒယ်တွေနဲ့အတူ ဒီလ ၁၅ ရက်နေ့ ရောင်းမှာပါ။

တန်ဖိုးနည်း ၄၃ လက်မ မော်ဒယ်မှာ FHD 1920x1080p မျက်နှာပြင်နဲ့ စွမ်းရည် ပိုမြင့်တဲ့ 39W Soundbar ပါလာပါတယ်။ တခြား Specs တွေက ၃၂ လက်မ မော်ဒယ်နဲ့ တူပါတယ်။ ၄၃ လက်မ FHD မော်ဒယ်ကို ၂၂,၉၉၉ ရူပီး သတ်မှတ်ထားပြီး ၄ သိန်းလောက်ကျသင့်မှာပါ။ 4K Version လည်း ထုတ်လုပ်ထားပြီး HDR10+, 2GB RAM , 16GB Storage နဲ့ 48W Soundbar တွေ ပါလာပါတယ်။ ၃၁,၉၉၉ ရူပီး သတ်မှတ်ထားပြီး ၅ သိန်း ၆ သောင်းလောက်ကျသင့်မှာပါ။

၅၀ ၊ ၅၅ နဲ့ ၆၅ လက်မ မော်ဒယ်တွေမှာ 4K Resolution ထောက်ပံ့ထားပြီး ၄၃ လက်မ 4K Version နဲ့ Specs တွေ တူပါတယ်။ ဈေးနှုန်းအကြောင်းပြောရရင် ၅၀ လက်မ အတွက် ၃၃,၉၉၉ ၊ ၅၅ လက်မအတွက် ၃၉,၉၉၉ နဲ့ အလန်းဆုံး ၆၅ လက်မအတွက် ၅၉,၉၉၉ ရူပီး သတ်မှတ်ထားပါတယ်။ မြန်မာငွေနဲ့တွက်ရင် ၆ သိန်း၊ ၇ သိန်းနဲ့ ၁၀ သိန်း ၅ သောင်းလောက် အသီးသီး ကျသင့်မှာပါ။

Ref : gsmarena