Unicode

နှစ်စဥ်ကျင်းပနေကြ Mobile World Congress (MWC) Event ဟာ ယခုနှစ်မှာလည်း Bercelona မှာ လာမယ့် ဖေဖော်ဝါရီလ ၂၄ ရက်နေ့ကနေ ၂၇ ရက်နေ့အထိ ကျင်းပသွားမှာဖြစ်ပါတယ်။ အဆိုပါ MWC 2020 မှာ Nokia ကလည်း ပါဝင်ပြသသွားမှာဖြစ်ပြီးတော့ မိတ်ဆက်လာမယ့် စမတ်ဖုန်းတွေဖြစ်တဲ့ Nokia 5.2 နဲ့ 1.3 ဖုန်းတွေရဲ့ သတင်းတွေထွက်ပေါ်လာခဲ့ပါတယ်။

Nokia 5.2 စမတ်ဖုန်းဟာ ပြီးခဲ့တဲ့နှစ်ထဲက မိတ်ဆက်ဖို့စီစဥ်ထားတာဖြစ်ပြီးတေ့ာ Qualcomm Snapdragon 632 Processor ၊ RAM 3GB နဲ့ 32GB Storage တွေပါဝင်မှာဖြစ်ပါတယ်။ စျေးပိုများတဲ့ RAM 4GB နဲ့ 64GB Storage Version ကိုလည်း ရောင်းချနိုင်ဖွယ်ရှိနေပါတယ်။

Display အနေနဲ့ 6.2″ LCD Panel ကိုပဲ အသုံးပြုထားပြီးတော့ 16MP + 8MP Depth Sensor ပါဝင်တဲ့ Dual Camera Setup အပြင် 8MP Selfie Camera ပါဝင်မှာဖြစ်ပါတယ်။ အခု Nokia 5.2 ဖုန်းဟာ ယခင်က မိတ်ဆက်ထားတဲ့ Nokia 6.2 နဲ့ Design ပိုင်းဆင်တူမှာဖြစ်ပြီးတော့ စျေးနှုန်းအနေနဲ့ ယူရိုငွေ ၁၆၉ ဝန်းကျင် (မြန်မာငွေ ၂၇၀,၀၀၀ ကျပ် ဝန်းကျင်) နဲ့ ရောင်းချသွားမှာပါ။

နောက်ထပ် Nokia 1.3 စမတ်ဖုန်းကတော့ Nokia ဖုန်းတွေထဲမှာ စျေးအသက်သာဆုံးဖြစ်လာမှာဖြစ်ပြီး လက်ရှိ ယူရိုငွေ ၇၉ (မြန်မာငွေ ၁၂၇,၀၀၀ ကျပ် ဝန်းကျင်) နဲ့ ရောင်းချနေတဲ့ Nokia 1 Plus ဖုန်းကို အစားထိုးလာမှာဖြစ်ပါတယ်။

အခု Nokia 1.3 ဖုန်းဟာ Screensize အနေနဲ့ 6″ အထိရှိလာမှာဖြစ်ပြီးတော့ MediaTek Chipset ကို အသုံးပြုလာမယ်လို့သိရပါတယ်။ RAM 1GB နဲ့ 8GB Storage ပဲပါဝင်မှာဖြစ်ပေမယ့် Android 10 (Go Edition) ကိုသုံးစွဲလာမယ့်အတွက် သုံးရတာ အရမ်းနှေးကွေးနေမှာတော့မဟုတ်ပါဘူး။ အဆိုပါ Nokia 1.3 ဖုန်းမှာ 5MP Back Camera အပြင် 3D Nano-textured Plastic Cover ကိုပဲ နောက်ကျောဘက်မှာတပ်ဆင်ထားမှာဖြစ်ပါတယ်။

Nokia ဟာ ဒီ MWC 2020 မှာ အဆိုပါ စမတ်ဖုန်းတွေအပြင် Fitness Tracker အသစ်နဲ့ Original Series Keypad ဖုန်းအသစ်ကိုပါ မိတ်ဆက်လာနိုင်ဖွယ်ရှိနေပါသေးတယ်။

Ref – Phone Arena

Zawgyi

ႏွစ္စဥ္က်င္းပေနၾက Mobile World Congress (MWC) Event ဟာ ယခုႏွစ္မွာလည္း Bercelona မွာ လာမယ့္ ေဖေဖာ္ဝါရီလ ၂၄ ရက္ေန႔ကေန ၂၇ ရက္ေန႔အထိ က်င္းပသြားမွာျဖစ္ပါတယ္။ အဆိုပါ MWC 2020 မွာ Nokia ကလည္း ပါဝင္ျပသသြားမွာျဖစ္ၿပီးေတာ့ မိတ္ဆက္လာမယ့္ စမတ္ဖုန္းေတြျဖစ္တဲ့ Nokia 5.2 နဲ႔ 1.3 ဖုန္းေတြရဲ႕ သတင္းေတြထြက္ေပၚလာခဲ့ပါတယ္။

Nokia 5.2 စမတ္ဖုန္းဟာ ၿပီးခဲ့တဲ့ႏွစ္ထဲက မိတ္ဆက္ဖို႔စီစဥ္ထားတာျဖစ္ၿပီးေတ့ာ Qualcomm Snapdragon 632 Processor ၊ RAM 3GB နဲ႔ 32GB Storage ေတြပါဝင္မွာျဖစ္ပါတယ္။ ေစ်းပိုမ်ားတဲ့ RAM 4GB နဲ႔ 64GB Storage Version ကိုလည္း ေရာင္းခ်ႏိုင္ဖြယ္ရွိေနပါတယ္။

Display အေနနဲ႔ 6.2″ LCD Panel ကိုပဲ အသုံးျပဳထားၿပီးေတာ့ 16MP + 8MP Depth Sensor ပါဝင္တဲ့ Dual Camera Setup အျပင္ 8MP Selfie Camera ပါဝင္မွာျဖစ္ပါတယ္။ အခု Nokia 5.2 ဖုန္းဟာ ယခင္က မိတ္ဆက္ထားတဲ့ Nokia 6.2 နဲ႔ Design ပိုင္းဆင္တူမွာျဖစ္ၿပီးေတာ့ ယူ႐ိုေငြ ၁၆၉ ဝန္းက်င္ (ျမန္မာေငြ ၂၇၀,၀၀၀ က်ပ္ ဝန္းက်င္) နဲ႔ ေရာင္းခ်သြားမွာပါ။

ေနာက္ထပ္ Nokia 1.3 စမတ္ဖုန္းကေတာ့ Nokia ဖုန္းေတြထဲမွာ ေစ်းအသက္သာဆုံးျဖစ္လာမွာျဖစ္ၿပီး လက္ရွိ ယူ႐ိုေငြ ၇၉ (ျမန္မာေငြ ၁၂၇,၀၀၀ က်ပ္ ဝန္းက်င္)နဲ႔ ေရာင္းခ်ေနတဲ့ Nokia 1 Plus ဖုန္းကို အစားထိုးလာမွာျဖစ္ပါတယ္။

အခု Nokia 1.3 ဖုန္းဟာ Screensize အေနနဲ႔ 6″ အထိရွိလာမွာျဖစ္ၿပီးေတာ့ MediaTek Chipset ကို အသုံးျပဳလာမယ္လို႔သိရပါတယ္။ RAM 1GB နဲ႔ 8GB Storage ပဲပါဝင္မွာျဖစ္ေပမယ့္ Android 10 (Go Edition) ကိုသုံးစြဲလာမယ့္အတြက္ သုံးရတာ အရမ္းေႏွးေကြးေနမွာေတာ့မဟုတ္ပါဘူး။ အဆိုပါ Nokia 1.3 ဖုန္းမွာ 5MP Back Camera အျပင္ 3D Nano-textured Plastic Cover ကိုပဲ ေနာက္ေက်ာဘက္မွာတပ္ဆင္ထားမွာျဖစ္ပါတယ္။

Nokia ဟာ ဒီ MWC 2020 မွာ အဆိုပါ စမတ္ဖုန္းေတြအျပင္ Fitness Tracker အသစ္နဲ႔ Original Series Keypad ဖုန္းအသစ္ကိုပါ မိတ္ဆက္လာႏိုင္ဖြယ္ရွိေနပါေသးတယ္။

Ref – Phone Arena