နော်ဝေးဟာ လောင်စာဆီ ကားတွေ အစား လျှပ်စစ်ကားတွေကို အသုံးပြုမှု လျှင်မြန်စွာ များပြားလာပြီး အနာဂတ်အတွက် ရေရှည်တည်တန့်တဲ့ သယ်ယူပို့ဆောင်ရေး စနစ်ကို ကျင့်သုံးတဲ့ စံပြ နိုင်ငံ ဖြစ်လာပါတယ်။

Electric cars outnumber petrol cars in Norway for the first time, KNEWS

Bloomberg က နော်ဝေးဟာ လောင်စာဆီ ကားတွေ လုံးဝ မသုံးတဲ့ ကမ္ဘာ့ ပထမဆုံးနိုင်ငံဖြစ်လာနိုင်တယ်လို့ ပြောပါတယ်။ နော်ဝေးဟာ အေးမြတဲ့ ရာသီဥတု၊ များပြားတဲ့ တောင်တန်းတွေနဲ့ ရှည်လျားတဲ့ ခရီးလမ်းကြောင်းတွေကြောင့် တစ်ချိန်ကတော့ လျှပ်စစ်ကားတွေအတွက် စိန်ခေါ်မှု ဖြစ်ခဲ့ပါတယ်။ အခုတော့ နော်ဝေးဟာ ဒီစိန်ခေါ်မှုတွေကို ကျော်လွှားနိုင်ခဲ့ပါပြီ။

ပြီးခဲ့တဲ့ အောက်တိုဘာလမှာ နော်ဝေးမှာ ရောင်းချခဲ့တဲ့ ကား စုစုပေါင်းရဲ့ ၉၄ ရာခိုင်နှုန်းဟာ လျှပ်စစ်ကားတွေ ဖြစ်ပါတယ်။ စက်တင်ဘာလမှာ နော်ဝေးဟာ ကမ္ဘာ့ ပထမဆုံး အနေနဲ့ လောင်စာဆီ ကားထက် လျှပ်စစ်ကား ပိုများတဲ့ နိုင်ငံဖြစ်လာပါတယ်။ နော်ဝေးမှာ မှတ်ပုံတင်ထားတဲ့ ကား ၂.၈ သန်း ရှိပြီး လျှပ်စစ်ကားက ၇၅၄,၃၀၃ စီးဖြစ်ပြီး လောင်စာဆီကား ၇၅၃,၉၀၅ စီးထက် ပိုများလာပါတယ်။

Norway: electric cars outnumber petrol for first time in 'historic milestone' | Electric, hybrid and low-emission cars | The Guardian

နော်ဝေးဟာ ၂၀၂၅ ခုနှစ်မှာ ကားတွေကနေ  ကာဘွန်ဒိုင်အောက်ဆိုက် လုံးဝ မထုတ်လွှင့်တဲ့ နိုင်ငံဖြစ်အောင် ကြိုးစားနေပါတယ်။ ဒါဟာ ဥရောပ သမဂ္ဂရဲ့ ရည်မှန်းထားတဲ့ အချိန်ထက်တောင် စောပါတယ်။ Tesla Model Y လို နာမည်ကြီး လျှပ်စစ်ကားတွေကြောင့် နော်ဝေးမှာ ဩဂုတ်လမှာ ကားအသစ် မှတ်ပုံတင်ထားမှုထဲမှာ လျှပ်စစ်ကားတွေက ၉၄.၃ ရာခိုင်နှုန်းတောင် ရှိပါတယ်။

နော်ဝေး အစိုးရဟာ လျှပ်စစ်ကားတွေအတွက် အခွန်လျှော့ပေးတာ၊ ဈေးနှုန်း လျှော့ပေးတာတွေကို ပြုလုပ်ပေနေတဲ့အတွက် လျှပ်စစ်ကား ဝယ်ယူမှု မြင့်မားလာတာ ဖြစ်ပါတယ်။ နော်ဝေးဟာ ရာသီဥတု ပြောင်းလဲမှုကို တိုက်ဖျက်ဖို့ ကြိုးစားနေပြီး ၂၀၃၀ ခုနှစ်မှာ ဖန်လုံအိမ် အာနိသင် ဓါတ်ငွေ့ ၅၅ ရာခိုင်နှုန်းကို လျှော့ချဖို့ ရည်မှန်းထားပါတယ်။

Ref : Technology Innovation