နော်ဝေး  နိုင်ငံရဲ့ အများပြည်သူ သယ်ယူပို့ဆောင်ရေး ကုမ္ပဏီ Ruter ကတော့ ခေါင်းခဲစရာ ကိစ္စတစ်ခု ကြုံတွေ့နေရပါတယ်။ ဘာလို့လဲဆိုတော့ သူတို့ အသုံးပြုနေတဲ့ တရုတ်နိုင်ငံလုပ် Yutong လျှပ်စစ်ဘတ်စ်ကားတွေကို ထုတ်လုပ်တဲ့ ကုမ္ပဏီကနေ အဝေးကနေ လှမ်းပြီး “ပိတ်ပစ်လိုက်လို့ရတယ်” ဆိုတဲ့ အချက်ကို တွေ့ရှိသွားလို့ပါပဲ။ အခုတော့ သူတို့ရဲ့ ဆိုက်ဘာလုံခြုံရေးကို အမြန်ဆုံး တင်းကျပ်တော့မယ်လို့ ကြေညာလိုက်ပါတယ်။

Norwegian Transport Operator Tightens Cybersecurity After Chinese Buses Found Vulnerable to Remote Shutdown

ဒီကိစ္စ ဘယ်လိုပေါ်လာလဲဆိုတော့ စမ်းသပ်မောင်းနှင်မှုတွေ လုပ်ကြည့်တဲ့အခါ Yutong ကုမ္ပဏီက software update တွေ လုပ်ဖို့၊ စက်ပိုင်းဆိုင်ရာ စစ်ဆေးမှုတွေ လုပ်ဖို့အတွက် ဘတ်စ်ကားရဲ့ အဓိက ထိန်းချုပ်ရေးစနစ် (control systems) တွေကို “တိုက်ရိုက်” ဝင်ကြည့်နိုင်နေတာကို တွေ့လိုက်ရတာပါ။ သီအိုရီအရ ပြောရရင်၊ အဲဒီ ဝင်ကြည့်ခွင့် (access) က ကားတွေကို ဝင်နှောင့်ယှက်ဖို့ ဒါမှမဟုတ် ရပ်တန့်ပစ်ဖို့ အသုံးပြုနိုင်တဲ့ အန္တရာယ် ရှိနေပါတယ်။

ဒီစမ်းသပ်မှုတွေကို ပိုသေချာအောင် အပြင်က signal တွေ လုံးဝ မမိတဲ့ “မြေအောက်သတ္တုမိုင်း” တွေထဲမှာတောင် လုပ်ခဲ့တာပါ။ Yutong ဘတ်စ်ကားအသစ်တွေနဲ့ ဒတ်ခ်ျနိုင်ငံလုပ် VDL မော်ဒယ်အဟောင်းတွေကို ယှဉ်ပြီး စမ်းခဲ့ပါတယ်။ ဒတ်ခ်ျကားတွေမှာ အဝေးကနေ update လုပ်တဲ့ feature တွေ မပါပေမယ့်၊ တရုတ်ကားတွေကတော့ mobile network တွေကနေတစ်ဆင့် ချိတ်ဆက်နိုင်နေတာကို တွေ့ခဲ့ရပါတယ်။

Concern in Norway after test shows Chinese-made buses can be disabled remotely | South China Morning Post

ဒီကိစ္စနဲ့ ပတ်သက်ပြီး Yutong ကုမ္ပဏီက The Guardian သတင်းစာကို ရှင်းပြရာမှာတော့ သူတို့က ဒေသန္တရ ဥပဒေတွေကို အပြည့်အဝ လိုက်နာပါတယ်၊ ဘတ်စ်ကားနဲ့ ပတ်သက်တဲ့ data တွေအားလုံးကို Germany နိုင်ငံမှာပဲ သိမ်းဆည်းထားပါတယ်၊ ပြီးတော့ အဲဒါတွေကို encrypt (လျှို့ဝှက်ကုဒ်ဝှက်) လုပ်ထားပြီး ပြုပြင်ထိန်းသိမ်းရေးနဲ့ စွမ်းဆောင်ရည် ကြည့်ရှုဖို့အတွက် “တစ်ခုတည်း” ပဲ သုံးပါတယ်လို့ ပြောပါတယ်။

Ruter ကုမ္ပဏီကတော့ ပြည်သူတွေ အရမ်းမစိုးရိမ်သွားအောင် “ဘတ်စ်ကားပေါ်က ကင်မရာတွေကတော့ အင်တာနက်နဲ့ ချိတ်မထားပါဘူး၊ ဒါကြောင့် live video တွေ ဘာတွေတော့ လုံးဝ မရနိုင်ပါဘူး” လို့ ရှင်းလင်းထားပါတယ်။ ဒါပေမဲ့ Yutong အနေနဲ့ ဘတ်စ်ကားရဲ့ ဘက်ထရီ အခြေအနေနဲ့ ပါဝါစနစ်တွေကိုတော့ အဝေးကနေ စောင့်ကြည့်လို့ ရနေတုန်းပါပဲ။

လုံခြုံရေး ပိုကောင်းလာအောင် Ruter က firewall တွေ အဆင့်မြှင့် ထည့်သွင်းသွားမယ်၊ software update တွေ မတင်ခင် သေချာ ပြန်စစ်ဆေးမယ်၊ ပြီးတော့ နော်ဝေး အာဏာပိုင်တွေနဲ့ ပူးပေါင်းပြီး ရှင်းလင်းတဲ့ digital လုံခြုံရေး စည်းမျဉ်းတွေ ချမှတ်သွားမယ်လို့ ဆိုပါတယ်။

Ref: Technology Innovation