လွန်ခဲ့တဲ့ ရက်အနည်းငယ်က Redmi Note 15 Pro+ နဲ့ပတ်သက်တဲ့ အချက်အလက်တချို့ တရုတ်နိုင်ငံမှာ ပေါက်ကြားခဲ့ပြီး ဒီနေ့မှာတော့ ပြောစရာ နောက်ထပ်အချက်တစ်ခု ထပ်ရှိလာပါတယ်။ ဒါပေမဲ့ အဲဒီအချက်က အရေးကြီးပါတယ်။
ဘာကြောင့်လဲဆိုတော့ Redmi Note 15 Pro+ က အဲဒီလုပ်ဆောင်ချက် ပါဝင်လာမယ့် ပထမဆုံး Redmi ဖုန်း ဖြစ်လာမှာမို့လို့ပါ။ ကျွန်တော်တို့ ပြောနေတာက ဂြိုဟ်တုဆက်သွယ်ရေးစနစ် (satellite connectivity) အကြောင်းဖြစ်ပြီး အဲဒီစနစ်ကို အခုအချိန်အထိ ဈေးကြီးတဲ့ ဖုန်းတွေမှာပဲ တွေ့ရလေ့ရှိပါတယ်။
ဒါပေမဲ့ အဲဒီ Redmi ရဲ့ ဈေးနှုန်းအလယ်အလတ်တန်းစားဖုန်းက ဒီလုပ်ဆောင်ချက်ကို ဈေးနှုန်းသက်သက်သာသာနဲ့ ရရှိနိုင်အောင် လုပ်ဆောင်ပေးမှာ ဖြစ်ပါတယ်။ စိတ်ဝင်စားစရာကောင်းတာကတော့ Redmi က သူတို့ရဲ့ ဈေးကြီးတဲ့ K series ဖုန်းတွေမှာ ဂြိုဟ်တုဆက်သွယ်ရေးစနစ်ကို အရင်ဆုံး မထည့်သွင်းခဲ့တာပါပဲ။ ဒါပေမဲ့လည်း Note series ကတော့ သူတို့ရဲ့ အရောင်းရဆုံးဖုန်းအမျိုးအစား ဖြစ်တာကြောင့် ဒီလုပ်ဆောင်ချက်ကို အရင်ဆုံး ရရှိတာဖြစ်နိုင်ပါတယ်။
စကားမစပ်၊ ဒီဆောင်းပါးတစ်လျှောက်လုံးမှာ ကျွန်တော်တို့ ပြောနေတာက တရုတ်ဈေးကွက်အတွက် Redmi Note 15 Pro+ အကြောင်း ဖြစ်ပါတယ်။ အဲဒီဂြိုဟ်တုဆက်သွယ်ရေးစနစ်က နိုင်ငံတကာဈေးကွက်အတွက်ထုတ်မယ့် မော်ဒယ်မှာ ပါဝင်လာမလား ဆိုတာကိုတော့ ဖုန်းထွက်ရှိလာတဲ့အခါမှ စောင့်ကြည့်ရမှာဖြစ်ပြီး သေချာပေါက် ပါလာမယ်လို့တော့ ပြောလို့မရသေးပါဘူး။
သတင်းတွေအရ Redmi Note 15 Pro+ မှာ Snapdragon 7s Gen 4 SoC၊ ဘေးဘောင်လေးဘက်လုံး ပါးလွှာပြီး ညီညာတဲ့ “1.5K” resolution မျက်နှာပြင်၊ 50 MP main camera တစ်လုံး၊ 50 MP telephoto ကင်မရာတစ်လုံးနဲ့ 7,000 mAh ကနေ 7,999 mAh ကြားရှိတဲ့ ဘက်ထရီတို့ ပါဝင်လာမယ်လို့ သိရပါတယ်။
Ref : gsmarena