ယခင် OnePlus ရဲ့ Co-founder ဖြစ်တဲ့ Carl Pei တည်ထောင်ခဲ့တဲ့ Nothing ကုမ္ပဏီကနေ ထုတ်လုပ်ထားတဲ့ Nothing Phone (1) ဟာ ယခုနှစ်အတွင်းမှာ ရေပန်းအစားဆုံးသော စမတ်ဖုန်းတစ်လုံးဖြစ်ပါတယ်။ အဆိုပါ Nothing Phone (1) ဟာ Design ပိုင်း ထူးခြားတဲ့အပြင် Overall ကောင်းမွန်တဲ့ဖုန်းတစ်လုံးအဖြစ် လူကြိုက်များနေတာပါ။

Nothing Phone (1) ဟာ Specification ပိုင်းမှာ Qualcomm Snapdragon 778G+ Chipset နဲ့ 6.55″ 120Hz OLED Display ၊ 50MP + 50MP Dual Camera Setup ပါဝင်မှာဖြစ်ပြီး Battery အနေနဲ့လည်း 4500mAh Battery ကိုမှ 33W Fast Charging ထောက်ပံ့ပေးထားပါတယ်။ Software ပိုင်းအနေနဲ့ကတော့ Stock Android နီးပါး User Experience ကိုရရှိနိုင်မယ့် Nothing OS ကို အသုံးပြုထားပါတယ်။

ဒါပေမယ့်လည်း Nothing Phone (1) ဟာ Android OS Update ပိုင်းမှာတော့ တခြားသော စမတ်ဖုန်းတွေထက် အားနည်းနေတဲ့ပုံပါပဲ။ ဘာကြောင့်လဲဆိုရင် Nothing ကုမ္ပဏီရဲ့ပြောကြားချက်အရ Nothing Phone (1) အတွက် Android 13 OS Update ဟာ လာမယ့် ၂၀၂၃ ခုနှစ်မှပဲရရှိနိုင်မှာဖြစ်ပါတယ်။

လက်ရှိအချိန်မှာ Android 13 ဟာ Google Pixel ဖုန်းတွေမှာ Stable OS Update ထွက်ရှိထားပြီးဖြစ်သလို တခြားသော Flagship ဖုန်းတွေမှာလည်း ယခုနှစ်မကုန်ခင်မှာ ရရှိတော့မှာဖြစ်ပါတယ်။ ဒီအတွက် Nothing Phone (1) ဟာ တခြားသော ဖုန်းကုမ္ပဏီတွေနဲ့ယှဥ်ရင် Software Update ပိုင်းမှာ နှေးကွေးနေတယ်လို့ ပြောနိုင်ပါတယ်။

Ref – GSM Arena