ပြီးခဲ့တဲ့ရက်ပိုင်းတုန်း Nothing ဟာ ကုမ္ပဏီရဲ့ ပထမဆုံးစမတ်ဖုန်းဖြစ်တဲ့ Nothing phone (1) ကို လာမယ့် ဇူလိုင်လ ၁၂ ရက်နေ့မှာ မိတ်ဆက်သွားမယ်လို့ တရားဝင်ကြေညာခဲ့ပါတယ်။ ဒါကြောင့် မိတ်ဆက်ဖို့ တစ်လဝန်းကျင်အချိန်လိုအပ်သေးပေမယ့် အခုအချိန်မှာတော့ အဆိုပါ Nothing phone (1) နဲ့ သက်ဆိုင်တဲ့သတင်းအချို့က ထွက်ပေါ်လာပြီဖြစ်ပါတယ်။
အခုထွက်ပေါ်လာတဲ့သတင်းကတော့ TUV Certification ကနေ သိရှိလာရတာဖြစ်ပြီး Nothing phone (1) ဟာ 45W Fast Charging ကို ထောက်ပံ့သွားမယ်လို့ သိရပါတယ်။ အဆိုပါ 45W Charger ကိုတော့ Nothing Brand အနေနဲ့ မိတ်ဆက်ဖို့ စီစဥ်နေတာဖြစ်ပြီး Global Variant ၃ မျိုးအတွက် ရည်ရွယ်ပြီး C304 ၊ C347 နဲ့ C348 ဆိုပြီး Model ၃ မျိုးထုတ်လုပ်သွားမှာဖြစ်ပါတယ်။
Nothing phone (1) မှာ အသုံးပြုလာမယ့် 45W Charger ဟာ PPS Charging Standard ကို အသုံးပြုထားမှာဖြစ်တယ်လို့ သိရပါတယ်။ ဒါကြောင့် တခြားသော PPS Charging စနစ်ကို အသုံးပြုနိုင်တဲ့ စမတ်ဖုန်းတွေနဲ့ Laptop တွေမှာပါ အမြင့်ဆုံး 45W Fast Charging နဲ့ အားသွင်းပေးနိုင်ဦးမှာဖြစ်ပါတယ်။
Nothing phone (1) ရဲ့ တခြားသော အချက်အလက်တွေနဲ့ Design ပုံစံကိုတော့ အခုအချိန်အထိ အတိအကျမသိရှိရသေးပေမယ့် ဖြစ်နိုင်ခြေများနေတာကတော့ အစောပိုင်းတုန်းက မိတ်ဆက်ခဲ့တဲ့ Nothing Earbuds လိုမျိုးပဲ Transparent Design ကို အခြေခံထားမယ်လို့ ယူဆရပါတယ်။
Ref – GSM Arena