၂၀၂၅ ခုနှစ်ရဲ့ ဖုန်းလောကရေစီးကြောင်းက ပါးလွှာတဲ့ဖုန်းတွေ ဖြစ်လာပုံရပြီး ZTE ကလည်း nubia Air ဆိုတဲ့ ဖုန်းအသစ်နဲ့ ဒီရေစီးကြောင်းထဲကို ဝင်ရောက်လာပါတယ်။ ဒီဖုန်းရဲ့ အမိုက်ဆုံးအစိတ်အပိုင်းက အလွန်ပါးလွှာတဲ့ ကိုယ်ထည်ပါပဲ။ ဖုန်းရဲ့ အထူက ၆.၇ မီလီမီတာပဲ ရှိပြီး ဘေးဘောင်ရဲ့ အပါးဆုံးနေရာမှာဆိုရင် ၅.၉ မီလီမီတာပဲ ရှိပါတယ်။

nubia Air announced with slim and light design, IP69K rating

ဒီဖုန်းဟာ ၁၇၂ ဂရမ်ပဲ လေးပြီး ပေါ့ပါးပေမယ့် သူ့ရဲ့ ပါးလွှာတဲ့ပုံစံနောက်ကွယ်မှာ ကြံ့ခိုင်မှုကိုလည်း အပြည့်အဝထည့်သွင်းပေးထားပါတယ်။ ဖုန်မှုန့်ဒဏ်ခံနိုင်တဲ့ IP68 အဆင့်အပြင် အပူချိန်မြင့်မားပြီး ဖိအားမြင့်တဲ့ ရေပန်းဒဏ်ကိုပါ ခံနိုင်တဲ့ IP69K အဆင့် သတ်မှတ်ချက်ကို ရရှိထားပါတယ်။

nubia Air announced with slim and light design, IP69K rating

ဖုန်းမျက်နှာပြင်ပိုင်းမှာ 6.78 လက်မ AMOLED display ကို သုံးထားပြီး resolution က 1,224 × 2,720px နဲ့ 120Hz refresh rate ပါဝင်ပါတယ်။ မျက်နှာပြင်ရဲ့ အမြင့်ဆုံးတောက်ပမှုက 4,500 nits အထိရှိပြီး Gorilla Glass 7i ကာဗာဖန်သားပြင်နဲ့ ကာကွယ်ပေးထားပါတယ်။ ရှေ့ဘက်မှာ Punch-hole ပုံစံနဲ့ 20MP selfie ကင်မရာကို ထည့်သွင်းပေးထားပြီး မျက်နှာပြင်အောက်မှာ လက်ဗွေရာစနစ်ကို ထည့်သွင်းထားပါတယ်။

nubia Air announced with slim and light design, IP69K rating

ကျောဘက်မှာတော့ 50MP main ကင်မရာကို 2MP depth sensor နဲ့ 0.08MP auxiliary lens တို့နဲ့ တွဲဖက်ပေးထားပါတယ်။ ဖုန်းရဲ့ စွမ်းဆောင်ရည်အတွက် Unisoc T8300 chipset ကို သုံးထားပြီး 8GB RAM နဲ့ 256GB storage ပါဝင်ပါတယ်။ ဘက်ထရီက 5,000mAh ဖြစ်ပြီး 33W အားအမြန်သွင်းစနစ်ကို ထောက်ပံ့ပေးပါတယ်။

Nubia Air ကို Titanium Black, Streamer Black နဲ့ Titanium Desert ဆိုတဲ့ အရောင် ၃ မျိုးနဲ့ ရရှိနိုင်မှာပါ။ ပထမဆုံးအနေနဲ့ ဥရောပဈေးကွက်မှာ ယူရို ၂၅၀ နဲ့ စတင်ရောင်းချမှာဖြစ်ပြီး အဲဒီနောက်မှာတော့ အရှေ့တောင်အာရှ၊ လက်တင်အမေရိကနဲ့ အရှေ့အလယ်ပိုင်းဒေသတွေကိုပါ တဖြည်းဖြည်း တိုးချဲ့ရောင်းချသွားမှာ ဖြစ်ပါတယ်။

Ref : gsmarena