ZTE ရဲ့ ကုမ္ပဏီအခွဲဖြစ်တဲ့ Nubia ဟာ လာမယ့် ဧပြီလ ၂၁ ရက်နေ့မှာ Nubia Play စမတ်ဖုန်းကို မိတ်ဆက်သွားတော့မှာဖြစ်ပါတယ်။ အဆိုပါ စမတ်ဖုန်းမှာထူးခြားချက်အနေနဲ့ကတော့ Notch တွေ၊ Punch-hole Display တွေအစား ဖုန်းရဲ့ အပေါ်ဘက်မှာ ပုံမှန်ဘောင်တွေကိုပဲထည့်သွင်းလာမှာဖြစ်ပါတယ်။

အခုလည်း Nubia ကုမ္ပဏီကနေ အဆိုပါ Nubia Play စမတ်ဖုန်းရဲ့ Display ပိုင်းအချက်အလက်တွေကို ဖော်ပြသွားခဲ့ပါတယ်။ ဒါကတော့ Nubia Play မှာ 144Hz Refresh Rate Display အပြင် 240Hz Touch Sampling Rate ပါဝင်လာမှာပါ။ အဲ့ဒီအတွက် လက်ရှိ ကုမ္ပဏီရဲ့ Flagship ဖုန်းဖြစ်တဲ့ Nubia Red Magic 5G ဖုန်းနဲ့တောင် ဆင်တူနေဦးမှာဖြစ်ပါတယ်။

ဒါတင်မဟုတ်သေးဘဲ Processor ပိုင်းမှာလည်း Qualcomm ရဲ့ Snapdragon 765G ကို အသုံးပြုထားမယ်လို့ အတည်ပြုပေးခဲ့ပါတယ်။ ယခင်တုန်းကလည်း Nubia ရဲ့ CEO ကနေ Nubia Play မှာ Quick Charge 4.0 ကို Support ပြုလုပ်တဲ့ 5100mAh Battery ပါဝင်မှာဖြစ်တယ်လို့ ပြောကြားခဲ့ဖူးပါသေးတယ်။

နောက်ထပ်တစ်ချက်ကတော့ Fingerprint Sensor ကို တခြားသော Snapdragon 765G ဖုန်းတွေလိုမဟုတ်ဘဲ Under-display Fingerprint Sensor ကို အသုံးပြုထားမှာဖြစ်ပါတယ်။ အဲ့ဒါကြောင့် OLED Display ကို အသုံးပြုလာမယ်ဆိုတာကိုပါ အတည်ပြုနိုင်ခဲ့ပါတယ်။

ဘာပဲဖြစ်ဖြစ် Nubia Play စမတ်ဖုန်းဟာ အခုသတင်းတွေအရဆိုရင် စိတ်ဝင်စားစရာ High End ဖုန်းတစ်လုံးလို့ပြောရမှာပါ။

Ref – GSM Arena