Nubia က ဒီနှစ် အစောပိုင်းမှာ Red Magic 5G ကို ကြေညာခဲ့ပြီး 144Hz Refresh Rate ပါတဲ့ ကမ္ဘာ့ ပထမဆုံးစမတ်ဖုန်း ဖြစ်လာပါတယ်။ ဒါပေမယ့် 60Hz, 90Hz နဲ့ 144Hz ကြားမှာ ပြောင်းလဲသုံးနိုင်တဲ့ Option ပါလာပေမယ့် 120Hz တော့ မပါလာပါဘူး။ အခုတော့ XDA-Developers က အဲဒီ Option ရှိတယ်ဆိုတာ တွေ့ရှိခဲ့ပြီး Activity Launcher လို App တွေသုံးရင် 120Hz Option ကို သုံးနိုင်တယ်လို့ ပြောပါတယ်။ နောက်ထပ် လျှို့ဝှက်လုပ်ဆောင်ချက်တွေထဲမှာ Screen ရဲ့ Color Modes အသစ်တွေ၊ Theme ရဲ့ လုံးဝိုင်းတဲ့ Icons အသစ်တွေနဲ့ Screen Recording ရဲ့ အရည်အသွေးကို ပြောင်းနိုင်တာတွေ ပါဝင်ပါတယ်။

Theme လုပ်ဆောင်ချက်မှာ ကြိုတင် အင်စတောလုပ်ထားတဲ့ Themes အားလုံးနဲ့ အရောင်စုံ နိုင်ငံတကာ ဗားရှင်း ၁ ခုမှာ လုံးဝိုင်းတဲ့ Icons တွေ ပါလာပါတယ်။ တခြား Options တွေမှာ Customization မလုပ်နိုင်သေးပါဘူး။ Storage သက်သာစေဖို့ Screen Recording ကို SD ပဲ ပံ့ပိုးပေးထားပေမယ့် HD ကိုလည်း Default Option အနေနဲ့ ပြောင်းနိုင်ပါတယ်။ Color Modes ၃ မျိုးမှာ Normal, Natural နဲ့ Colorful တို့ ဖြစ်ပေမယ့် Hidden Menu မှာ နောက်ထပ် Option ၈ ခု ပါလာပါတယ်။

Nubia က အဲဒီ Option တွေဟာ မလိုအပ်လို့ လျှို့ဝှက်ထားတာ ဖြစ်နိုင်သလို စွမ်းရည် မပြည့်ဝလို့လည်း ဖြစ်နိုင်ပါတယ်။ သေချာတာက အဲဒီ လုပ်ဆောင်ချက်တွေကြောင့် Nubia Red Magic 5G ဟာ ပိုလန်းသွားမှာပါ။

Ref : gsmarena