Unicode

Nubia ဟာ သူတို့ရဲ့ ပထမဆုံး 5G Gaming ဟန်းဆက်ကို တရုတ်ပြည်တွင်းမှာ မကြာခင် ကြေညာလာဖို့ ရှိနေပါတယ်။ လက်ရှိအချိန်မှာ အဆိုပါ ဟန်းဆက်ရဲ့အမည်ကို မသိရသေးပေမယ့် နှစ်စထဲက ဒီဖုန်းရဲ့ သတင်းတွေကို ကြားနေရတာဖြစ်ပြီး ထွက်ရှိလာဖို့ သိပ်မကြာတော့ပါဘူး။

Nubia Red Magic 5G Gaming စမတ်ဖုန်းသစ်ဟာ မော်ဒယ်နံပါတ် NX659J နဲ့ တရုတ်ပြည်တွင်းက 3C အတည်ပြုချက်ကို ရယူခဲ့တာကြောင့် ဈေးကွက်တွင်းမှာ မကြာခင်မြင်တွေ့ရတော့မှာပါ။ 3C အတည်ပြုချက်မှာ ဖော်ပြထားချက်အရ ဒီဖုန်းဟာ 5G စမတ်ဖုန်းဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့သလို 55W Fast Charging စနစ်ကိုပါ စာရင်းထဲမှာ မြင်တွေ့ခဲ့ရပါတယ်။

ဒီဖုန်းဟာ TENAA မှာ မကြာခင်ထပ်မြင်ရတော့မယ်လို့ ခန့်မှန်းရပြီး အဲဒီ့အချိန်ကျရင်တော့ သူ့ရဲ့ Specs တွေကိုပါ မြင်ရတော့မှာပါ။ ဒါ့ကြောင့် ၂၀၂၀ ခုနှစ်ရဲ့ ပထမသုံးလပတ်မကုန်ခင် မြင်ရမယ်လို့ ယူဆရပါတယ်။ သူ့ရှေ့ကထွက်ထားတဲ့ Nubia Red Magic 3s ဖုန်းတုန်းမှာ 5,000 mAH ဘက္ထရီပါဝင်ခဲ့ပြီး ဒီဖုန်းမှာလည်း အလားတူဘက္ထရီကို ဆက်မြင်ရဖို့ ရှိပါတယ်။ Gaming ဖုန်းဖြစ်တာနဲ့အညီ အတွင်းမှာ Dual-mode 5G နက်ဝပ်လည်း ထောက်ပံ့ပေးတဲ့ Snapdragon 865 ချစ်ပ်ဆက်အသစ်ကို မြင်ရမှာပါ။

Red Magic 5G ဖုန်းသစ်မှာ 144Hz Refresh Rate နဲ့ Display ပါဝင်လာမယ်လို့လည်း ရှေ့ရက်တွေက သတင်းထွက်ထားတဲ့အတွက် အခုလပိုင်းမှာသာ တကယ်တမ်းထွက်လာခဲ့ရင် 120Hz နှုန်းကို ကျော်လွန်တဲ့ ပထမဆုံး စမတ်ဖုန်းတောင် ဖြစ်လာနိုင်ပါတယ်။

Ref – Playful Droid

Zawgyi

Nubia ဟာ သူတုိ႔ရဲ႕ ပထမဆုံး 5G Gaming ဟန္းဆက္ကို တရုတ္ျပည္တြင္းမွာ မၾကာခင္ ေၾကညာလာဖို႔ ရွိေနပါတယ္။ လက္ရွိအခ်ိန္မွာ အဆုိပါ ဟန္းဆက္ရဲ႕အမည္ကို မသိရေသးေပမယ့္ ႏွစ္စထဲက ဒီဖုန္းရဲ႕ သတင္းေတြကို ၾကားေနရတာျဖစ္ၿပီး ထြက္ရွိလာဖို႔ သိပ္မၾကာေတာ့ပါဘူး။

Nubia Red Magic 5G Gaming စမတ္ဖုန္းသစ္ဟာ ေမာ္ဒယ္နံပါတ္ NX659J နဲ႔ တရုတ္ျပည္တြင္းက 3C အတည္ျပဳခ်က္ကို ရယူခဲ့တာေၾကာင့္ ေစ်းကြက္တြင္းမွာ မၾကာခင္ျမင္ေတြ႕ရေတာ့မွာပါ။ 3C အတည္ျပဳခ်က္မွာ ေဖာ္ျပထားခ်က္အရ ဒီဖုန္းဟာ 5G စမတ္ဖုန္းျဖစ္ေၾကာင္း အတည္ျပဳႏုိင္ခဲ့သလို 55W Fast Charging စနစ္ကိုပါ စာရင္းထဲမွာ ျမင္ေတြ႕ခဲ့ရပါတယ္။

ဒီဖုန္းဟာ TENAA မွာ မၾကာခင္ထပ္ျမင္ရေတာ့မယ္လို႔ ခန္႔မွန္းရၿပီး အဲဒီ့အခ်ိန္က်ရင္ေတာ့ သူ႕ရဲ႕ Specs ေတြကိုပါ ျမင္ရေတာ့မွာပါ။ ဒါ့ေၾကာင့္ ၂၀၂၀ ခုႏွစ္ရဲ႕ ပထမသုံးလပတ္မကုန္ခင္ ျမင္ရမယ္လို႔ ယူဆရပါတယ္။ သူ႕ေရွ႕ကထြက္ထားတဲ့ Nubia Red Magic 3s ဖုန္းတုန္းမွာ 5,000 mAH ဘကၳရီပါဝင္ခဲ့ၿပီး ဒီဖုန္းမွာလည္း အလားတူဘကၳရီကို ဆက္ျမင္ရဖုိ႔ ရွိပါတယ္။ Gaming ဖုန္းျဖစ္တာနဲ႔အညီ အတြင္းမွာ Dual-mode 5G နက္ဝပ္လည္း ေထာက္ပံ့ေပးတဲ့ Snapdragon 865 ခ်စ္ပ္ဆက္အသစ္ကို ျမင္ရမွာပါ။

Red Magic 5G ဖုန္းသစ္မွာ 144Hz Refresh Rate နဲ႔ Display ပါဝင္လာမယ္လို႔လည္း ေရွ႕ရက္ေတြက သတင္းထြက္ထားတဲ့အတြက္ အခုလပုိင္းမွာသာ တကယ္တမ္းထြက္လာခဲ့ရင္ 120Hz ႏႈန္းကို ေက်ာ္လြန္တဲ့ ပထမဆုံး စမတ္ဖုန္းေတာင္ ျဖစ္လာႏုိင္ပါတယ္။

Ref – Playful Droid