[Unicode]

နာမည်ကျော် ဖုန်း ကုမ္ပဏီတွေက နောက်ထုတ်မယ့် စွမ်းရည်မြင့် ဖုန်းတွေမှာ 120Hz Refresh Rate မျက်နှာပြင်တွေ ထည့်သွင်းဖို့ ပြင်ဆင်နေပါတယ်။ ပြီးခဲ့တဲ့ လက ကြေညာခဲ့တဲ့ Redmi K30 5G ဟာ 120Hz မျက်နှာပြင်ပါတဲ့ ဈေးအချိုဆုံး ဖုန်း ဖြစ်လာပါတယ်။ နောက်ထုတ်မယ့် Samsung Galaxy S20 Series နဲ့ OnePlus 8 မှာလည်း 120Hz မျက်နှာပြင်တွေ ပါလာမှာပါ။ အခုတော့ Nubia ရဲ့ ဥက္ကဌ Ni Fei က နောက်ထုတ်မယ့် Gaming ဖုန်းမှာ 144Hz Refresh Rate ပါလာမယ်လို့ ကြေညာလိုက်တဲ့အတွက် Refresh Rate အလန်းဆုံး ဖုန်းဖြစ်လာတော့မှာပါ။

Ni Fei က ဝီဘိုမှာ Red Magic 5G ရဲ့ Screenshot ကို မျှဝေခဲ့ပြီး 60Hz, 90Hz, 120Hz နဲ့ 144Hz စတဲ့ Refresh Rate တွေကို ပြောင်းလဲသုံးနိုင်မယ့်ပုံပေါ်ပါတယ်။ နောက်ထွက်မယ့် Red Magic ဖုန်းကို စောင့်နေတဲ့ Nubia Fans တွေဟာ 144Hz Refresh Rate နဲ့ ဖလန်းဖလန်းထအောင် ဂိမ်းတွေ ကစားနိုင်မှာပါ။

အရင်မျိုးဆက်ဖြစ်တဲ့ Red Magic 3S မှာ 90Hz Refresh Rate မျက်နှာပြင် ပါလာခဲ့ပါတယ်။ အဲဒီဖုန်းမှာ AMOLED မျက်နှာပြင်ပါလာတဲ့အတွက် နောက်မျိုးဆက်မှာလည်း အဲဒီ မျက်နှာပြင် နည်းပညာကိုပဲသုံးထားနိုင်ပါတယ်။ လက်ရှိမှာ Red Magic 5G ရဲ့ သတင်းအချက်အလက်တွေ မထွက်လာသေးပါဘူး။ ဒီနှစ်အစောပိုင်းမှာ Nubia က နောက်ထုတ်မယ့် Red Magic ဖုန်းမှာ Snapdragon 865 နဲ့ 5G ပါမယ်လို့ သတင်းပေးထားပါတယ်။

Fei ကလည်း Red Magic 5G နဲ့ ရိုက်ထားတဲ့ ဓါတ်ပုံတွေကို ပြီးခဲ့တဲ့ ၁ ပတ်က မျှဝေခဲ့ပြီး အနောက်ကင်မရာ ၃ လုံးပါမယ်ဆိုတာ အတည်ပြုခဲ့ပါတယ်။ Red Magic 3 ကို ပြီးခဲ့တဲ့နှစ် မေလက ကြေညာခဲ့ပါတယ်။ ဒီနှစ်အစောပိုင်းမှာ ထွက်ခဲ့တဲ့ Teaser တွေအရ Red Magic 5G ကို ဒီနှစ် ပထမ ၃ လအတွင်းမှာ မိတ်ဆက်နိုင်ပါတယ်။

Ref : gizmochina

[Zawgyi]

Nubia Red Magic 5G မွာ 144Hz Refresh Rate ပါမယ္လို႔ Nubia ဥကၠဌ အတည္ျပဳ

နာမည္ေက်ာ္ ဖုန္း ကုမၸဏီေတြက ေနာက္ထုတ္မယ့္ စြမ္းရည္ျမင့္ ဖုန္းေတြမွာ 120Hz Refresh Rate မ်က္ႏွာျပင္ေတြ ထည့္သြင္းဖို႔ ျပင္ဆင္ေနပါတယ္။ ၿပီးခဲ့တဲ့ လက ေၾကညာခဲ့တဲ့ Redmi K30 5G ဟာ 120Hz မ်က္ႏွာျပင္ပါတဲ့ ေဈးအခ်ိဳဆုံး ဖုန္း ျဖစ္လာပါတယ္။ ေနာက္ထုတ္မယ့္ Samsung Galaxy S20 Series နဲ႔ OnePlus 8 မွာလည္း 120Hz မ်က္ႏွာျပင္ေတြ ပါလာမွာပါ။ အခုေတာ့ Nubia ရဲ႕ ဥကၠဌ Ni Fei က ေနာက္ထုတ္မယ့္ Gaming ဖုန္းမွာ 144Hz Refresh Rate ပါလာမယ္လို႔ ေၾကညာလိုက္တဲ့အတြက္ Refresh Rate အလန္းဆုံး ဖုန္းျဖစ္လာေတာ့မွာပါ။

Ni Fei က ဝီဘိုမွာ Red Magic 5G ရဲ႕ Screenshot ကို မွ်ေဝခဲ့ၿပီး 60Hz, 90Hz, 120Hz နဲ႔ 144Hz စတဲ့ Refresh Rate ေတြကို ေျပာင္းလဲသုံးႏိုင္မယ့္ပုံေပၚပါတယ္။ ေနာက္ထြက္မယ့္ Red Magic ဖုန္းကို ေစာင့္ေနတဲ့ Nubia Fans ေတြဟာ 144Hz Refresh Rate နဲ႔ ဖလန္းဖလန္းထေအာင္ ဂိမ္းေတြ ကစားႏိုင္မွာပါ။

အရင္မ်ိဳးဆက္ျဖစ္တဲ့ Red Magic 3S မွာ 90Hz Refresh Rate မ်က္ႏွာျပင္ ပါလာခဲ့ပါတယ္။ အဲဒီဖုန္းမွာ AMOLED မ်က္ႏွာျပင္ပါလာတဲ့အတြက္ ေနာက္မ်ိဳးဆက္မွာလည္း အဲဒီ မ်က္ႏွာျပင္ နည္းပညာကိုပဲသုံးထားႏိုင္ပါတယ္။ လက္ရွိမွာ Red Magic 5G ရဲ႕ သတင္းအခ်က္အလက္ေတြ မထြက္လာေသးပါဘူး။ ဒီႏွစ္အေစာပိုင္းမွာ Nubia က ေနာက္ထုတ္မယ့္ Red Magic ဖုန္းမွာ Snapdragon 865 နဲ႔ 5G ပါမယ္လို႔ သတင္းေပးထားပါတယ္။

Fei ကလည္း Red Magic 5G နဲ႔ ႐ိုက္ထားတဲ့ ဓါတ္ပုံေတြကို ၿပီးခဲ့တဲ့ ၁ ပတ္က မွ်ေဝခဲ့ၿပီး အေနာက္ကင္မရာ ၃ လုံးပါမယ္ဆိုတာ အတည္ျပဳခဲ့ပါတယ္။ Red Magic 3 ကို ၿပီးခဲ့တဲ့ႏွစ္ ေမလက ေၾကညာခဲ့ပါတယ္။ ဒီႏွစ္အေစာပိုင္းမွာ ထြက္ခဲ့တဲ့ Teaser ေတြအရ Red Magic 5G ကို ဒီႏွစ္ ပထမ ၃ လအတြင္းမွာ မိတ္ဆက္ႏိုင္ပါတယ္။

Ref : gizmochina