AnTuTu ရမှတ်ဟာ ထိပ်သီး စမတ်ဖုန်းထုတ်လုပ်သူတွေ အတွက် ဂုဏ်ယူစရာ နှိုင်းယှဉ်ချက်တစ်ခုဖြစ်ပြီး အခုနှစ်ရဲ့ Flagship တိုက်ပွဲ တကြော့ပြန် စတင်လာချိန်မှာတော့ စိတ်ဝင်စားစရာ ကောင်းလာခဲ့ပါပြီ။ ယနေ့မှာ Nubia ကုမ္ပဏီရဲ့ စီအီးအို ဖြစ်သူ Ni Fei ဟာ Red Magic 5S Gaming စမတ်ဖုန်းအသစ်ရဲ့ AnTuTu ရမှတ်ကို ဝေမျှလာခဲ့ပါတယ်။

Weibo ပေါ်မှာ တင်လာတဲ့ AnTuTu ရမှတ်ပုံထဲမှာတော့ Red Magic 5S မှာ စုစုပေါင်း 659,586 ထိ ရရှိခဲ့တာဖြစ်ပြီး လက်ရှိအမြင့်ဆုံးလို့ ဆိုနိုင်တဲ့ Lenovo Legion Phone Duel ရဲ့ ရမှတ် 648,871 ထက် များနေတာ တွေ့ရမှာပါ။

Red Magic 5S ရဲ့ ပိုမြင့်တဲ့ ရမှတ်ဟာ အဓိကအားဖြင့် Overclocked ပြုလုပ်ထားတဲ့ သူ့ရဲ့ GPU ရမှတ်တွေဆီက ဖြစ်တယ်လို့ ဆိုပါတယ်။ Nubia CEO ဟာ နောက်ထပ် တရုတ်ပြည်တွင်း Benchmark တစ်ခုဖြစ်တဲ့ Master Lu ဝက်ဆိုက်မှ ရမှတ်ကိုလည်း တင်ပေးခဲ့ပြီး ဖုန်းရဲ့ Specs တွေတော့ မပါဝင်ခဲ့ပါဘူး။

Nubia Red Magic 5S ဖုန်းမှာ 144Hz Refresh Rate Display ကို ထောက်ပံ့ပေးထားမှာ ဖြစ်ပါတယ်။ သူ့မှာ Shoulder Buttons, LPDDR5 RAM, UFS 3.1 Storage, Liquid Cooling အအေးပေးစနစ် နဲ့ Snapdragon 865+ ချစ်ပ်ဆက်အသစ်တို့ကို မြင်ရမှာပါ။

Ref – GizmoChina