Nubia က ပြီးခဲ့တဲ့ ၁ ပတ်ကတည်းက နောက်ထွက်မယ့် Red Magic 5S Gaming စမတ်ဖုန်းကို Tease လုပ်လာခဲ့တာ ဖြစ်ပြီး အခုတော့ ဒီလ ၂၈ ရက်နေ့ ကြေညာမယ်လို့ အတည်ပြုလိုက်ပါတယ်။

Red Magic 5S မှာ Snapdragon 865+ Chipset မောင်းနှင်ထားမှာ ဖြစ်ပြီး LPDDR5 RAM နဲ့ UFS 3.1 Storage တွေ ပါလာမှာပါ။ Silver-plated Cooling System ထည့်သွင်းထားမှာ ဖြစ်ပြီး ညာဘက်ခြမ်းမှာ 320Hz Touch-sensitive Shoulder Buttons တွေပါလာမယ့်အတွက် ဂိမ်း ကစားရင် အရမ်းလန်းမှာ သေချာပါတယ်။

Nubia က Red Magic 5S အတွက် Wind Cooling Magic Box Accessory ၁ ခုကိုလည်း ရောင်းချမှာ ဖြစ်ပြီး အဲဒီ ကိရိယာမှာ 3.5mm Headphone Jack နဲ့ 30W Power Delivery Charging Support ပါတဲ့ USB-C Port ၁ ခု ထည့်သွင်းထားမှာ ဖြစ်ပါတယ်။ အဲဒီ ကိရိယာကို သီးခြား ရောင်းချပေးနိုင်ပြီး မိတ်ဆက်ပွဲကျမှ ဈေးနှုန်းကို သိရမှာပါ။

Red Magic 5G မှာလိုပဲ Red Magic 5S မှာ AMOLED မျက်နှာပြင်နဲ့ 144Hz Refresh Rate ပါလာနိုင်ပါတယ်။ 16GB RAM အထိ ရွေးချယ်နိုင်မှာ ဖြစ်ပြီး မိတ်ဆက်ပွဲ မတိုင်ခင်မှာ အဲဒီ စမတ်ဖုန်းရဲ့ သတင်းအချက်အလက်တွေ ပိုမို သိလာရနိုင်ပါတယ်။

Ref : gsmarena