Xiaomi ကတော့ Snapdragon 888 Chipset ပါတဲ့ ကမ္ဘာ့ ပထမဆုံး စမတ်ဖုန်း  Mi 11 ကို ဦးဦးဖျားဖျား ကြေညာခဲ့ပြီးပါပြီ။ ပြိုင်ဖက် Android စမတ်ဖုန်း ကုမ္ပဏီတွေကလည်း Xiaomi ကို အမှီလိုက်ဖို့ ကြိုးစားနေကြပါတယ်။  ကုမ္ပဏီ တော်တော်များများက Snapdragon 888 Chipset ပါတဲ့ စမတ်ဖုန်းတွေ ထုတ်လုပ်ရောင်းချမယ်လို့ အတည်ပြုထားကြပြီးပါပြီ။

nubia smartphone with Snapdragon 888 appears on Geekbench

အဲဒီအထဲမှာ nubia လည်း ပါဝင်ပြီး Snapdragon 888 Chipset ပါတဲ့ Z Series စမတ်ဖုန်း အသစ် ၁ လုံးကို ကြေညာမယ်လို့  nubia က အတည်ပြုထားပါတယ်။ အဲဒီ စမတ်ဖုန်းရဲ့ သတင်းတွေကို စောင့်မျှော်နေတုန်းမှာပဲ Geekbench မှာ nubia ရဲ့ စမတ်ဖုန်း အသစ် ၁ လုံးကို တွေ့လာရပါတယ်။ မော်ဒယ်နံပါတ်က NX669J ဖြစ်ပြီး Snapdragon 888 Chipset မောင်းနှင်ထားပါတယ်။ 8GB RAM နဲ့ Android 11 ပံ့ပိုးထားပါတယ်။

Qualcomm's Snapdragon 888 is a glimpse into how much better your next Android phone will be - CNET

Nubia က Snapdragon 888 Chipset ပါတဲ့ စွမ်းဆောင်ရည်မြင့် Z Series စမတ်ဖုန်း အသစ် ၁ လုံးကို အတည်ပြုထားပေမယ့် NX669J ဟာ အနောက်ဘက် အရောင်ပြောင်း နည်းပညာ ပါပြီး ပြီးခဲ့တဲ့လက Tease လုပ်ခဲ့တဲ့ Red Magic 6 ဖြစ်မယ်လို့လည်း ပြောနေကြပါတယ်။ လာမယ့် ရက်ပိုင်းအတွင်းမှာ NX669J ရဲ့ နာမည် အစစ်အမှန်နဲ့ ပတ်သက်တဲ့ သတင်းတွေ ထွက်လာနိုင်ပါတယ်။

Snapdragon 888 Chipset ပါမယ်လို့ နောက်ထပ် အတည်ပြုထားတဲ့ စမတ်ဖုန်း အသစ် ၁ လုံးက iQOO 7 ဖြစ်ပြီး ဒီလ ၁၁ ရက်နေ့ ကြေညာမယ်လို့ Vivo က ပြောထားပြီးပါပြီ။ အဲဒီ စမတ်ဖုန်းမှာ LPDDR5 RAM နဲ့ UFS 3.1 Storage တွေ ထည့်သွင်းထားမှာပါ။

Ref : gsmarena