Nubia ဟာ Red Magic 5S တရားဝင်မိတ်ဆက်မယ့်အချိန်ကို ပြီးခဲ့တဲ့တစ်ပတ်တုန်းက ထုတ်ပြန်ခဲ့ပါတယ်။ ဇူလိုင်လ ၂၈ ရက်နေ့မှာ Red Magic 5S ကို မိတ်ဆက်မှာဖြစ်ပေမယ့် ဒီပွဲမှာ အခြားထုတ်ကုန်တစ်ခုကိုလည်း တစ်ပါတည်း ပူးတွဲပြီးမိတ်ဆက်သွားမှာ ဖြစ်ပါတယ်။ အဲဒါကတော့ စမတ်နာရီပါ။


Nubia က ဂိမ်းမင်း Flagship ဖုန်းနဲ့အတူ စမတ်နာရီကိုလည်း မိတ်ဆက်မယ်ဆိုတဲ့အကြောင်းကို Weibo ပို့စ်မှာ ဖော်ပြခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် မိတ်ဆက်လာမယ့် စမတ်နာရီရဲ့ အဓိကဒီဇိုင်း သွင်ပြင်ကိုလည်း ထုတ်ဖော်ခဲ့ပါတယ်။ ပို့စ်မှာ ရေးသားထားတဲ့စာသားတွေအရ စမတ်နာရီရဲ့ ကိုယ်ထည်ဖွဲ့စည်းတည်ဆောက်မှုကိုလည်း သိနိုင်ပါတယ်။

Nubia ရဲ့ ဒီစမတ်နာရီဟာ Steel နဲ့ဖွဲ့စည်းတည်ဆောက်ထားပေမယ့် ပျော့ပျောင်းမယ်လို့ ဆိုပါတယ်။ ဒါကို “Soft” 316L သံမဏိကိုယ်ထည်နဲ့ အလူမီနီယံကိုယ်ထည် တွေအဖြစ် ထွက်ပေါ်လာမယ်ဆိုတာကိုလည်း Nubia ရဲ့ တရားဝင် ဝက်ဘ်ဆိုက်က ပိုစတာတွေမှာ မြင်တွေ့နိုင်ပါတယ်။


ပိုစတာတွေအရ စမတ်နာရီဟာ Curved OLED display နဲ့ဖြစ်ပြီး ဘေးဘောင်ဘက်မှာ Apple Watch က Crown လိုမျိုးတပ်ဆင်ထားတာလည်း တွေ့ရပါတယ်။ တစ်စိတ်တစ်ပိုင်းသာ မြင်တွေ့ရတဲ့ ဒီဇိုင်းအနေအထားအရ ဒီစမတ်နာရီဟာ နာရီဆိုတာထက် Band တစ်ခုနဲ့ပိုပြီး တူနေတယ်လို့ ဆိုရမှာပါ။

နောက်ထပ်စိတ်ဝင်စားစရာအချက်ကတော့ ဒီစမတ်နာရီဟာ ဈေးနှုန်းချိုသာတယ်လို့ယူဆရတဲ့ စာသားအချို့ကိုလည်း Weibo ပို့စ်မှာ ရေးသားထားတာပဲ ဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ် တရားဝင်မိတ်ဆက်မယ့်ရက်က သိပ်မလိုတော့တာကြောင့် မကြာခင် အပြည့်အစုံကို သိရမှာပဲ ဖြစ်ပါတယ်။

Ref: GSMArena