ZTE ရဲ့ ကုမ္ပဏီအခွဲတစ်ခုဖြစ်တဲ့ Nubia ဟာ မကြာခင်မှာ Flagship စမတ်ဖုန်းအသစ်တစ်လုံးကို မိတ်ဆက်တော့မယ်ဆိုပြီး ကြေညာလိုက်ပါတယ်။ အဆိုပါ စမတ်ဖုန်းကတော့ Nubia Z60 Ultra ဖုန်းဖြစ်လာမှာဖြစ်ပြီး လာမယ့် ဒီဇင်ဘာလ ၁၉ ရက်နေ့မှာ တရားဝင်မိတ်ဆက်သွားမှာဖြစ်ပါတယ်။

Nubia Z60 Ultra ရဲ့ ထူးခြားချက်က Camera ပိုင်းကို ဦးစားပေးထားမှာဖြစ်ပြီး အရှေ့ဘက် Selfie Camera ကလည်း ZTE ရဲ့ 5th Generation Under Display Selfie Camera အမျိုးအစားကို အဆင့်မြှင့်တင်အသုံးပြုလာမှာဖြစ်ပါတယ်။

Nubia ကနေ ထုတ်ပြန်ထားတဲ့ Teaser ဓါတ်ပုံတွေအရ Z60 Ultra ဖုန်းဟာ လုံးဝ Full Screen Design ဖြင့် မိတ်ဆက်လာဖွယ်ရှိနေပြီး ဖုန်းဓါတ်ပုံတွေကိုတော့ လက်ရှိအချိန်အထိ သတင်းပေါက်ကြားထားခြင်းမရှိသေးပါဘူး။ ဖြစ်နိုင်ခြေများတာက Nubia Z60 Ultra ဖုန်းဟာ High Refresh AMOLED Display ၊ Qualcomm Snapdragon 8 Gen 3 Chipset အပြင် 35mm Focal Length Main Camera တွေပါဝင်မှာဖြစ်ပါတယ်။

ဘာပဲဖြစ်ဖြစ် Nubia Z60 Ultra ဖုန်းကို မိတ်ဆက်ဖို့ အချိန် ၂ ပါတ် ဝန်းကျင်လောက် လိုသေးတဲ့အတွက် မကြာခင်မှာ ဖုန်းပုံစံ Teaser ဓါတ်ပုံသတင်းတွေကို မြင်တွေ့ရဖို့ရှိနေပါတယ်။

Ref – GSM Arena