ZTE ရဲ့ Nubai က AI Features နဲ့ ဂြိုလ်တု ဆက်သွယ်ရေး ပါတဲ့ Nubia Z60s Pro ကို တရုတ်မှာ ကြေညာလိုက်ပါတယ်။ 6.8” OLED 1.5K Display တပ်ဆင်ထားပြီး 1,200 Nits Peak Brightness , 120Hz Refresh Rate ထည့်သွင်းထားပါတယ်။ Display အောက်မှာ လက်ဗွေရာ ကိရိယာမြှုပ်နှံထားပါတယ်။

Nubia Z60S Pro: Successor to the camera flagship Nubia Z50S Pro shows itself - NotebookCheck.net News

ကင်မရာ အကြောင်းပြောရရင် အနောက်ဘက်မှာ 50MP Main (OIS), 50MP Ultrawide Angle , 8MP Telephoto (OIS) နဲ့ 2.5cm Super Macro ကင်မရာ ၄ လုံး တပ်ဆင်ထားပြီး ဆဲလ်ဖီး ကင်မရာက 16MP ဖြစ်ပါတယ်။ Magic Eraser , AI Blue , Ultra-wide Cinema Format တို့လို AI Features များစွာ ပါပါတယ်။

nubia Store (EU) | Mobile Photography Expert - Nubia Store (EU)

Nubia Z60S Pro မှာ Snapdragon 8 Gen 2 SoC မောင်းနှင်ထားပြီး 16GB RAM နဲ့ 1TB Storage ထည့်သွင်းထားပါတယ်။ 80W Charging ထောက်ပံ့တဲ့ 5,100mAh Battery ပါလာပြီး Android 14 OS မောင်းနှင်ထားပါတယ်။

8/256GB Version ကို ၄၁၂ ဒေါ်လာ၊ 12/256GB ကို ၄၅၃ ဒေါ်လာ၊ 16/512GB ကို ၅၀၈ ဒေါ်လာနဲ့ 16GB/1TB ကို ၅၉၀ ဒေါ်လာ သတ်မှတ်ထားပါတယ်။

Ref : gizmochina