Nvidia ဟာ Microsoft ကို ကျော်တက်ပြီး ကမ္ဘာ့ တန်ဖိုးအကြီးဆုံး ကုမ္ပဏီ ဖြစ်လာပါတယ်။ Nvidia ဟာ AI Hardware တွေကို ထုတ်လုပ်ရောင်းချတဲ့ ဈေးကွက်မှာ အောင်မြင်လာတဲ့အတွက် အခုလို ကမ္ဘာ့  တန်ဖိုးအကြီးဆုံး ကုမ္ပဏီ ဖြစ်လာတာပါ။

Nvidia

Nvidia ရဲ့ စတော့ ဈေးနှုန်းဟာ ၃.၅ ရာခိုင်နှုန်း တက်လာပြီး ၁၃၅.၅၈ ဒေါ်လာ ဖြစ်လာပါတယ်။ အဲဒီအတွက် Nvidia ရဲ့ တန်ဖိုးဟာ ဒေါ်လာ ၃.၃၃၅ ထရီလီယမ် ဖြစ်သွားပြီး Microsoft ရဲ့ ဒေါ်လာ ၃.၃၁၇ ထရီလီယမ်ကို ကျော်တက်သွားပါတယ်။ Apple ရဲ့ တန်ဖိုးက ဒေါ်လာ ၃.၂၈၆ ထရီလီယမ် ဖြစ်ပါတယ်။ Nvidia ရဲ့ AI Processor တွေဟာ ဝယ်လိုအားမြင့်မားလာတဲ့အတွက် ဒီနှစ်ထဲမှာ စတော့ ဈေးနှုန်းဟာ ၃ ဆနီးပါးတက်လာတာပါ။

Exclusive: Nvidia to make Arm-based PC chips in major new challenge to  Intel | Reuters

Nvidia ဟာ AI Hardware ဈေးကွက်မှာ ကြီးစိုးနိုင်လို့ အောင်မြင်လာတာ ဖြစ်ပါတယ်။ ကုမ္ပဏီရဲ့ Processor တွေဟာ ပြိုင်ဖက်တွေထက် သာလွန်ကောင်းမွန်ပြီး ဝယ်လိုအားကို ပြည့်မှီအောင် မထုတ်လုပ်နိုင်တဲ့ အခြေအနေကို ရောက်လာပါတယ်။ ဒါ့ကြောင့် Nvidia ဟာ Wall Street မှာ ရောင်းအား အကောင်းဆုံး ဖြစ်လာပါတယ်။

Nvidia ရဲ့ စတော့ ဈေးနှုန်းဟာ မကြာခင်က စံချိန်တင်မြင့်မားခဲ့ပြီး ဈေးကွက်တန်ဖိုးမှာ ဒေါ်လာ ၁၁၀ ဘီလီယမ် တိုးတက်လာပါတယ်။ အဲဒီ ပမာဏဟာ Lockheed Martin ကုမ္ပဏီ တန်ဖိုးနဲ့ ညီမျှနေပါတယ်။ Nvidia ရဲ့ တန်ဖိုးဟာ ၉ လအတွင်း ဒေါ်လာ ၁ ထရီလီယမ် ကနေ ၂ ထရီလီယမ်အထိ တိုးတက်ခဲ့ပြီး ၃ လအတွင်း ဒေါ်လာ ၃ ထရီလီယမ် အထိ မြင့်တက်ခဲ့ပါတယ်။

Ref : gizmochina