ရှုပ်ထွေးတဲ့ ယာဉ်ကြောအခြေအနေတွေကို လူတွေလိုပဲ စဉ်းစားချင့်ချိန်ပြီး မောင်းနှင်နိုင်မယ့် Alpamayo လို့ခေါ်တဲ့ AI စနစ်သစ်တစ်ခုကို Nvidia က မိတ်ဆက်ပြသလိုက်ပါတယ်။

Nvidia Launches Alpamayo AI for Autonomous Vehicles | NextMaven AI posted on the topic | LinkedIn

CES 2026 ပွဲမှာ ကြေညာခဲ့တဲ့ ဒီစနစ်ဟာ ယခင်က သတ်မှတ်ထားတဲ့ စည်းမျဉ်းတွေအတိုင်း မောင်းနှင်တဲ့ (rule-based automation) စနစ်ကနေ “ကျိုးကြောင်းဆီလျော်စွာ စဉ်းစားတွေးခေါ်ပြီး မောင်းနှင်တဲ့စနစ်” (reasoning-based autonomy) ကို ကူးပြောင်းလိုက်တာ ဖြစ်ပါတယ်။

Nvidia ရဲ့ CEO Jensen Huang က Alpamayo ဟာ “ကမ္ဘာ့ပထမဆုံး တွေးခေါ်နိုင်တဲ့ မောင်းနှင်မှုမော်ဒယ်” ဖြစ်ကြောင်းနဲ့ ကားတွေဟာ “လူတွေ တွေးခေါ်သလိုမျိုး လိုက်လံတွေးခေါ်နိုင်တော့မှာ” ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

ဒီ AI စနစ်ထဲမှာ 10-billion-parameter ရှိတဲ့ vision-language-action model တွေ၊ စမ်းသပ်မောင်းနှင်ကြည့်နိုင်တဲ့ simulation tools တွေနဲ့ open datasets အများအပြား ပါဝင်ပါတယ်။

Nvidia အနေနဲ့ ဒီစနစ်ကို ၂၀၂၆ ခုနှစ် အစောပိုင်းမှာ စတင်ထည့်သွင်း အသုံးပြုသွားဖို့ ရည်မှန်းထားပြီး ၂၀၂၇ ခုနှစ်မှာတော့ Robotaxi တွေကို စမ်းသပ်မောင်းနှင်နိုင်ဖို့ မျှော်လင့်ထားပါတယ်။ ဒါပေမဲ့ ဘေးကင်းလုံခြုံရေးနဲ့ စည်းမျဉ်းဥပဒေပိုင်းဆိုင်ရာတွေမှာတော့ သံသယဖြစ်မှုတွေ ရှိနေဆဲ ဖြစ်ပါတယ်။

Ref: Fossbytes