လျှင်မြန်စွာ အားသွင်းနိုင်တဲ့ ဘက်ထရီ နည်းပညာကို တီထွင်တဲ့ ဗြိတိန် အခြေစိုက် Nyobolt ကုမ္ပဏီက Nyobolt လျှပ်စစ်ကားကို ပြသလိုက်ပြီး ၆ မိနစ်အတွင်း အားအပြည့်သွင်းနိုင်ပါတယ်။ ကားဟာ ၁၀၀ မီလီမီတာကျယ်ပြီး ၁၅၀ မီလီမီတာ ရှည်လျားပါတယ်။

အဲဒီ လျှပ်စစ်ကားဟာ Lotus Elise ကားကို အခြေပြု တည်ဆောက်ထားတာ ဖြစ်ပြီး ၂၅၀ ကီလိုမီတာ မောင်းနှင်နိုင်တဲ့ 35kWh ဘက်ထရီ တပ်ဆင်ထားပါတယ်။ ကာဘွန်ဖိုက်ဘာ ကိုယ်ထည်နဲ့ တည်ဆောက်ထားပြီး ဖြုတ်၊ တပ် နိုင်တဲ့ ခေါင်မိုး ပါပါတယ်။

nyobolt ev 4

ကားရဲ့ နောက်ကြည့်မှန်တွေမှာ ကင်မရာတွေ တပ်ဆင်ထားပြီး အားသွင်းဖို့အတွက် Type 2 Charging Port ထည့်သွင်းပေးထားပါတယ်။ အလေးချိန်က ၁,၀၀၀ ကီလိုဂရမ်ထက် နည်းပါးပြီး ကားရဲ့ စွမ်းဆောင်ရည်နဲ့ အမြန်နှုန်းကို‌တော့ မသိရသေးပါဘူး။

ကုမ္ပဏီက Fast-charging Cycle ၂,၀၀၀ ကျော်တာတောင် ဘက်ထရီ စွမ်းဆောင်ရည် သိသိသာသာ မကျဆင်းသွားဘူးလို့ ပြောပါတယ်။ အဲဒီ အားသွင်းမြန်တဲ့ ဘက်ထရီကို ၂၀၂၄ ခုနှစ် အစောပိုင်းမှာ ထုတ်လုပ်ဖို့ ရည်မှန်းထားပါတယ်။

Ref : carsales