Nyobolt ကုမ္ပဏီက ၅ မိနစ်အတွင်း ၁၀ ကနေ ၈၀ ရာခိုင်နှုန်းအထိ လျှင်မြန်စွာ အားသွင်းပေးနိုင်တဲ့ လျှပ်စစ်ကား ဘက်ထရီကို ပြသလိုက်ပါတယ်။ လက်ရှိ အားသွင်းအမြန်ဆုံး လျှပ်စစ်ကားတွေထက် ၂ ဆ ပိုမြန်ပါတယ်။ Nyobolt ရဲ့ ဘက်ထရီဟာ လစ်သီယမ် အိုင်းယွန်း ဘက်ထရီတွေလို သုံးတာ ကြာလာရင် စွမ်းရည်ကျဆင်းတဲ့ ပြဿနာ မရှိပါဘူး။

Nyobolt EV sportscar prototype takes ultra-fast charging out of the lab and onto the road.

Cambridge အခြေစိုက် Nyobolt ဟာ မြင့်မားတဲ့ စွမ်းအင် နဲ့ မြန်ဆန်တဲ့ Recharge Cycle လိုအပ်တဲ့ ကုန်တင်ကား၊ လျှပ်စစ်ကား၊ စက်ရုပ်နဲ့ Consumer Device တွေအတွက် စွမ်းရည်မြင့် ဘက်ထရီတွေကို တီထွင်နေတာ ဖြစ်ပါတယ်။

Fast-charging can damage electric car batteries in just 25 cycles

စမ်းသပ်ချက်အရ Nybolt ရဲ့ လျှပ်စစ်ကား ဘက်ထရီဟာ 350kW (800V) DC Fast Charger ကို အသုံးပြုရင် ၄ မိနစ်နဲ့ ၃၇ စက္ကန့်အတွင်း ၁၀ ကနေ ၈၀ ရာခိုင်နှုန်း အားသွင်းပေးနိုင်ပါတယ်။ အားအပြည့်သွင်းရင် လျှပ်စစ်ကားဟာ ၁၅၅ မိုင် မောင်းနှင်နိုင်ပြီး လက်ရှိ အားသွင်း အမြန်ဆုံး လျှပ်စစ်ကားတွေထက် ၂ ဆ ပိုမြန်ပါတယ်။

Nyobolt ရဲ့ လျှပ်စစ်ကား ဘက်ထရီရဲ့ Fast Charge Cycle ဟာ အကြိမ် ၄,၀၀၀ ကျော် သို့မဟုတ် မိုင် ၆၀၀,၀၀၀ ရှိပြီး ဘက်ထရီ ပမာဏဟာ ၈၀ ရာခိုင်နှုန်း ကျန်ပါသေးတယ်။

Ref : inceptivemind