OnePlus 8 Series စမတ်ဖုန်းတွေဟာ လက်ရှိသိထားတဲ့သတင်းတွေအရဆိုရင် လာမယ့် ဧပြီလ ၁၅ ရက်ဝန်းကျင်မှာ တရားဝင်မိတ်ဆက်သွားတော့မှာဖြစ်ပါတယ်။ အခုလည်း OnePlus 8 ဖုန်းရဲ့ ယခင်တုန်းက ပေါက်ကြားခြင်းမရှိသေးတဲ့ အရောင်အသစ်ကို တွေ့မြင်ခဲ့ရပါတယ်။

အခုသတင်းကိုလည်း WinFuture နဲ့ နာမည်ကြီး Leakster တစ်ဦးဖြစ်တဲ့ Ishan Agarwal တို့က ဖော်ပြခဲ့တာဖြစ်ပြီး OnePlus 8 Series ဖုန်းတွေမှာ Interstellar Glow နာမည်နဲ့ Gradient အရောင်အသစ်ပါဝင်လာမှာဖြစ်ပါတယ်။ အဆိုပါအရောင်အသစ်က ကြည့်လိုက်မယ်ဆိုရင် Samsung Galaxy Note 10 Series ရဲ့ Aura Glow အရောင်နဲ့တောင် ပိုပြီးဆင်တူနေပါတယ်။

တစ်ခုရှိတာကတော့ အခု Leak ဓါတ်ပုံတွေထွက်ပေါ်လာတာက OnePlus 8 ဖုန်းဖြစ်နေပြီးတော့ ပိုကောင်းတဲ့ OnePlus 8 Pro မှာရော ဒီ Interstellar Glow အရောင်အသစ်ပါဝင်လာမလားဆိုတာကို အတည်ပြုနိုင်ခြင်းမရှိသေးပါဘူး။

နောက်ထပ် OnePlus 8 ရဲ့ အရောင်တွေအနေနဲ့ Gracial Green နဲ့ Onyx Black ဆိုပြီး မိတ်ဆက်လာနိုင်ပြီးတော့ Onyx Black က လွဲရင်ကျန်တဲ့အရောင်တွေက Matte Finish ပါဝင်လာမယ်လို့ သိရပါတယ်။ ဘာပဲဖြစ်ဖြစ် ဒီ OnePlus 8 ဖုန်းတွေက Design ပိုင်းအရတော့ တော်တော်လေးကို လှနေပါတယ်။

Ref – 9to5Google