၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်နေ့မှာ တူရကီ ကာကွယ်ရေးကုမ္ပဏီ Baykar ဟာ စစ်ရေးနည်းပညာလောကအတွက် သမိုင်းဝင်မယ့် မှတ်တိုင်တစ်ခုကို စိုက်ထူလိုက်နိုင်ပါပြီ။ အဲဒါကတော့ သူတို့ရဲ့ ဂျက်အင်ဂျင်တပ် Bayraktar Kızılelma ဒရုန်း ရှေ့ပြေးပုံစံငယ် ၂ စင်းဟာ ကမ္ဘာ့ပထမဆုံးအကြိမ်အဖြစ် “လူမဲ့ အနီးကပ် အုပ်စုဖွဲ့ ပျံသန်းမှု” (fully autonomous close-formation flight) ကို အောင်မြင်စွာ လုပ်ပြနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။

2 Kızılelma jets complete world 1st autonomous close-formation flight |  Daily Sabah

Türkiye ၊ Çorlu မှာရှိတဲ့ AKINCI Flight Training and Test Center ကနေ တတိယမြောက် (PT3) နဲ့ ပဉ္စမမြောက် (PT5) ဒရုန်းတွေဟာ တစ်စင်းပြီးတစ်စင်း ဆက်တိုက် ပျံတက်သွားခဲ့ကြတာပါ။ အံ့မခန်းစရာ ကောင်းတာကတော့ လူက မြေပြင်ကနေ ထိန်းချုပ်မောင်းနှင်ပေးနေတာမျိုး လုံးဝ မရှိဘဲ Baykar ရဲ့ စမတ်နည်းပညာ (smart fleet autonomy algorithms) ကို သုံးပြီး ဒရုန်းအချင်းချင်း တိကျတဲ့ ပုံစံဖွဲ့စည်းမှုကို ထိန်းသိမ်းကာ ပျံသန်းသွားတာ ဖြစ်ပါတယ်။

Baykar Achieves Milestone with Autonomous Kizilelma Drones in Formation  Flight - SSBCrack News

ဒါတင်မကသေးပါဘူး။ ဒီစမ်းသပ်မှုအတွင်းမှာ Kızılelma ဒရုန်းနှစ်စင်းဟာ လူမဲ့စနစ်နဲ့ ထိန်းချုပ်မောင်းနှင်တဲ့ တိုက်ခိုက်ရေး လေကြောင်းကင်းလှည့် (CAP) မစ်ရှင်ကိုပါ တလက်စတည်း စမ်းသပ်မောင်းနှင်ပြခဲ့ပြီး သတ်မှတ်ထားတဲ့ လမ်းကြောင်းအတိုင်း ညှိနှိုင်းပျံသန်းနိုင်စွမ်း ရှိကြောင်း သက်သေပြခဲ့ပါတယ်။

ဒီအောင်မြင်မှုဟာ Kızılelma ကို အနီးကပ် အုပ်စုဖွဲ့ပျံသန်းနိုင်တဲ့ ကမ္ဘာ့ပထမဆုံး လူမဲ့ တိုက်ခိုက်ရေး လေယာဉ်စနစ် ဖြစ်လာစေခဲ့ပြီး အနာဂတ် လေကြောင်းစစ်ဆင်ရေးတွေမှာ လူမဲ့လေယာဉ်တွေကို ညှိနှိုင်းအသုံးပြုနိုင်မယ့် လမ်းစကို ပွင့်သွားစေပြီ ဖြစ်ပါတယ်။

Ref : Technology Innovation