၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၉ ရက်နေ့မှာ သမ္မတ ဒေါ်နယ်ထရမ့်က UFO တွေနဲ့ ဂြိုဟ်သားတွေ ရှိနိုင်ခြေနဲ့ ပတ်သက်ပြီး အချိန်ကြာမြင့်စွာ လျှို့ဝှက်ထားတဲ့ အစိုးရမှတ်တမ်းတွေကို ထုတ်ပြန်ပေးသွားမယ်လို့ ကြေညာလိုက်ပါတယ်။

Donald Trump directs Pentagon to release secret files on UFOs, aliens

Truth Social လူမှုကွန်ရက်ကနေတဆင့် ထရမ့်က ကာကွယ်ရေးဝန်ကြီးဌာနနဲ့ တခြားအေဂျင်စီတွေကို ရှင်းပြလို့မရတဲ့ ကောင်းကင်ယံ မြင်ကွင်းတွေနဲ့ ဂြိုဟ်သားတွေနဲ့ တွေ့ဆုံခဲ့တယ်ဆိုတဲ့ စာရွက်စာတမ်းတွေကို ရှာဖွေပြီး အများပြည်သူသိအောင် ထုတ်ပြန်ဖို့ ညွှန်ကြားနေတယ်လို့ ပြောဆိုခဲ့ပါတယ်။

Trump claims he'll order agencies to begin releasing records on aliens, UFOs  | CBC News

“လူအများက အရမ်းစိတ်ဝင်စားနေကြတဲ့အတွက် ဂြိုဟ်သားတွေ၊ UAP တွေ၊ UFO တွေနဲ့ ပတ်သက်တဲ့ အစိုးရ မှတ်တမ်းတွေအပြင် ဆက်စပ်နေတဲ့ အချက်အလက်အားလုံးကို ထုတ်ပြန်ပေးဖို့ သက်ဆိုင်ရာ ဝန်ကြီးဌာနတွေနဲ့ အေဂျင်စီတွေကို ညွှန်ကြားသွားမှာပါ။ ဘုရားသခင်က အမေရိကကို ကောင်းချီးပေးပါစေ” လို့ သူက ရေးသားခဲ့ပါတယ်။

 

အဲဒီလုပ်ရပ်က ဆယ်စုနှစ်ပေါင်းများစွာ လျှို့ဝှက်ပိတ်သိမ်းထားတဲ့ အထောက်အထားတွေကို လျှို့ဝှက်ချက် အဆင့်ကနေ ပယ်ဖျက်ပေးလိုက်တာမျိုး ဖြစ်လာနိုင်ပါတယ်။

 

သမ္မတဟောင်း ဘားရက် အိုဘားမားအနေနဲ့ ဂြိုဟ်သားတွေအကြောင်း မပြောသင့်ဘူးလို့ ထရမ့်က ဝေဖန်ပြီး နာရီပိုင်းအကြာမှာပဲ အခုလို ကြေညာချက် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

 

လက်ရှိအချိန်အထိတော့ သိပ္ပံပညာရှင်တွေမှာ ကမ္ဘာပြင်ပက သက်ရှိတွေနဲ့ ပတ်သက်ပြီး ခိုင်လုံတဲ့ အထောက်အထား မရှိသေးပါဘူး။

Ref : Technology Innovation