U.S. Army က အောက်တိုဘာ ၃၀ ရက်နေ့မှာ အတည်ပြုလိုက်တဲ့ သတင်းတစ်ပုဒ်ကတော့ တကယ့်ကို အံ့အားသင့်စရာ ဖြစ်ခဲ့ပါတယ်။ အဲဒါကတော့ လေယာဉ်မှူးမဟုတ်တဲ့ National Guard တပ်ကြပ်ကြီးတစ်ဦးဟာ Black Hawk ရဟတ်ယာဉ် အကြီးစားအစစ်ကို Tablet တစ်လုံးတည်း သုံးပြီး တကယ့်စစ်ဆင်ရေးမစ်ရှင်တွေ အောင်အောင်မြင်မြင် ပျံသန်းနိုင်ခဲ့တာပါပဲ။

U.S. Soldier Takes Control of Autonomous Black Hawk During Northern Strike  25-2 - The Aviationist

ဒီရဟတ်ယာဉ်ဟာ Sikorsky Black Hawk အမျိုးအစားဖြစ်ပြီး Lockheed Martin ကုမ္ပဏီရဲ့ MATRIX လို့ခေါ်တဲ့ ကိုယ်ပိုင်အုပ်ချုပ်မှုစနစ် (autonomy system) ကို တပ်ဆင်ထားတာပါ။

US Army takes new look at training aviators with decisions coming soon

အဲဒီစစ်သားဟာ Tablet ကိုသုံးပြီး ရဟတ်ယာဉ်ကို မိုင် ၇၀ အကွာအဝေးအထိ သူ့အလိုလို ပျံသန်းစေခဲ့ပါတယ်။ ဒီခရီးစဉ်အတွင်းမှာ ကုန်စည်တွေ ပို့တာ၊ လေထီးနဲ့ ပစ္စည်းတွေ တိတိကျကျ ချတာ၊ ရဟတ်ယာဉ်ရဲ့ ဝန်ချီစနစ်နဲ့ ပစ္စည်းမတာ၊ နောက်ပြီး လူနာတင်ယာဉ်အတုခေါ်တဲ့ လေ့ကျင့်ခန်းတွေ လုပ်ဆောင်ခဲ့ပါတယ်။

မစ်ရှင်တစ်ခုမှာဆိုရင် ပေါင် ၂,၉၀၀ အလေးချိန်ရှိတဲ့ ရေတိုင်ကီကြီးတစ်လုံးကို ရဟတ်ယာဉ်က ဝဲပျံနေရင်း မတင်ခဲ့ရသလို၊ တခြားရဟတ်ယာဉ်တစ်စီးနဲ့ လူနာလွှဲပြောင်းတဲ့ လေ့ကျင့်ခန်းကိုလည်း လုပ်ဆောင်ခဲ့ပါတယ်။

အံ့ဩစရာအကောင်းဆုံးကတော့ အဲဒီစစ်သားဟာ ဒီအဆင့်မြင့်စနစ်တစ်ခုလုံးကို မောင်းနှင်တတ်ဖို့ တစ်နာရီတောင် မကြာခင်မှာ သင်ယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

ဒီသရုပ်ပြမှုကနေ ကိုယ်တိုင်မောင်းစနစ်ပါတဲ့ Black Hawk ရဟတ်ယာဉ်တွေဟာ အန္တရာယ်ကို ဘယ်လောက်လျှော့ချနိုင်လဲ၊ မစ်ရှင်တွေကို ဘယ်လောက် တိုးချဲ့လုပ်ဆောင်နိုင်လဲ ဆိုတာကို ပြသနိုင်ခဲ့ပါတယ်။ ဒါ့အပြင် အနာဂတ်မှာ လေယာဉ်မှူးမဟုတ်တဲ့ သာမန်စစ်သားတွေတောင် အဆင့်မြင့် စစ်ဘက်သုံးရဟတ်ယာဉ်တွေကို ဘေးကင်းကင်းနဲ့ လွယ်လွယ်ကူကူ မောင်းနှင်လာနိုင်တော့မယ့် အခြေအနေကိုလည်း မီးမောင်းထိုးပြလိုက်တာပဲ ဖြစ်ပါတယ်။

Ref : Technology Innovation