OnePlus 11 ကို တရုတ်မှာ ကြေညာလိုက်ပြီး Snapdragon 8 Gen 2 SoC မောင်းနှင်ထားပါတယ်။ 12GB or 16GB LPDDR5X RAM နဲ့ 256GB or 512GB UFS 4.0 Storage ထည့်သွင်းထားပါတယ်။
၆.၇ လက်မ LTPO 3.0 AMOLED မျက်နှာပြင် တပ်ဆင်ထားပြီး 1440p Resolution ပါပါတယ်။ 120Hz Refresh Rate ထောက်ပံ့ထားပါတယ်။
အနောက်ဘက်မှာ 50MP Main Sony IMX890 (PDAF , OIS) , 48MP Ultrawide Angle Sony IMX581 , 32MP Sony IMX709 Telephoto ကင်မရာ ၃ လုံးနဲ့ အရှေ့ဘက်မှာ 32MP Sony IMX709 2x Telephoto ကင်မရာ ၁ လုံး တပ်ဆင်ထားပါတယ်။
OnePlus 11 ရဲ့ ဘက်ထရီက 5,000mAh ဖြစ်ပြီး 100W Fast Charging ထည့်သွင်းထားပါတယ်။ X-axis Vibration Motor တပ်ဆင်ထားတဲ့အတွက် Gamer တွေ အကြိုက် ဖြစ်ပြီး ကုမ္ပဏီက စမတ်ဖုန်းတွေမှာ ထည့်သွင်းထားတဲ့ အကြီးမားဆုံး Vibration Motor လို့ ပြောပါတယ်။
Android 13 အခြေပြု Color OS 13 မောင်းနှင်ထားပြီး ဇန်နဝါရီလ ၉ ရက်နေ့ တရုတ်မှာ ရောင်းချမှာ ဖြစ်ပါတယ်။ အစိမ်းနဲ့ အနက်ရောင် ထုတ်လုပ်ထားပြီး 12/256GB ကို ၅၈၀ ဒေါ်လာ၊ 16/256GB ကို ၆၄၀ ဒေါ်လာနဲ့ 16/512GB ကို ၇၁၀ ဒေါ်လာ သတ်မှတ်ထားပါတယ်။
Ref : gsmarena