ပြီးခဲ့တဲ့ ရက်အနည်းငယ်က OnePlus ဟာ အနောက်ဘက်မှာ Light Strips တွေ ပါတဲ့ OnePlus 11 Concept စမတ်ဖုန်းကို အရိပ်အမြွက်ပြသခဲ့ပါတယ်။ OnePlus က စမတ်ဖုန်းရဲ့ ဒီဇိုင်း အပြည့်အစုံကို မဖော်ပြခဲ့ပေမယ့် အခုတော့ OnePlus 11 Concept ရဲ့ ဓါတ်ပုံ ၁ ပုံ အွန်လိုင်းမှာ ပေါက်ကြားလာပြီး ဖုန်း ဒီဇိုင်းကို ပိုမို သိလာရပါတယ်။

OnePlus 11 Concept's image surfaces revealing its design

ကင်မရာ Island ပတ်လည်နဲ့ အနောက်ဘက် Panel ၁ ခုလုံးမှာ Light Strips တွေကို တွေ့ရပြီး OnePlus Logo ကို ညာဘက်အောက်ခြေမှာ ရေးထွင်းထားပါတယ်။

OnePlus 11 5G With Snapdragon 8 Gen 2 SoC, 50-Megapixel Triple Cameras Launched in India: Price, Specifications | Technology News

OnePlus က အဲဒီ Light Strips တွေရဲ့ အလုပ်လုပ်ပုံကို ဘာမှ မပြောသေးပေမယ့် ဒီလ ၂၇ ရက်နေ့ စပိန် နိုင်ငံ ဘာစီလိုနာမှာ ကျင်းပမယ့် Mobile World Congress (MWC) မှာ ကြေညာမှာ ဖြစ်တဲ့အတွက် OnePlus 11 Concept ရဲ့ သတင်းအချက်အလက် အပြည့်အစုံကို သိရဖို့ အချိန် သိပ်မလိုတော့ပါဘူး။

OnePlus ဟာ Concept Device တွေကို အရင်ကလည်း ပြသခဲ့ဖူးပြီး အခု Device ဟာ သုံးကြိမ်မြောက် စီမံကိန်း ဖြစ်ပါတယ်။ ပထမဆုံးအနေနဲ့ CES 2020 မှာ ကင်မရာတွေကို ဖွက်ထားလို့ရတဲ့ OnePlus Concept One ကို ချပြခဲ့ပြီး MWC မှာလည်း ပြသဖို့ စီစဉ်ခဲ့ပေမယ့် အဲဒီ နည်းပညာ ပြပွဲကို မကျင်းပခဲ့ပါဘူး။

၂၀၂၁ ခုနှစ်မှာ အနောက်ဘက်ဟာ အညိုကနေ အပြာရောင် ပြောင်းလဲနိုင်တဲ့ OnePlus 8T Concept ကို ပြသခဲ့ပါတယ်။ အဲဒီ စမတ်ဖုန်းမှာ လက်ဟန်ခြေဟန်ကို အာရုံခံနိုင်တဲ့ mmWave Radar လည်း တပ်ဆင်ထားပါတယ်။

အခု Device အသစ်မှာ ထူးခြားဆန်းသစ်တဲ့ ဒီဇိုင်းနဲ့ စမတ်ဖုန်း နယ်ပယ်မှာ ပထမဆုံးဆိုတဲ့ နည်းပညာ ထည့်သွင်းထားမှာ ဖြစ်ပါတယ်။ Concept စမတ်ဖုန်း ဆိုတဲ့ အတိုင်းပဲ ခေတ်ရှေ့ပြေး နည်းပညာတွေ ပါလာမှာပါ။

Ref : gsmarena